ကာလိမြို့၌ ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ကာလိ ဇွန် ၂၄

ရှမ်းပြည်နယ်(​တောင်ပိုင်း)၊ ကာလိမြို့တွင် ယနေ့နံနက်(၈)နာရီ အချိန်က ကုန်းပေါင်းဘုန်းကြီးကျောင်းဝန်းအတွင်း၌ ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ ကွန်ဟိန်းမြို့နယ်ဗျူဟာမှူးဗိုလ်မှူးကြီး အောင်ကိုနိုင်၊ ကွန်ဟိန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊  ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ပြီး အခမ်းအနားပွဲတော်တွင် ကွန်ဟိန်းမြို့နယ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကိုနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဝင်းနိုင်၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရာဇာထွန်းတို့က သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်ကြသူများအား ပျိုးပင်များ ပေးအပ်ဖြန့်ဝေပေးခဲ့သည်။ ထို့နောက် စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြပြီး တာဝန်ရှိသူများမှ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း(၃၅၀)ပင်၊ မယ်ဇလီ(၁၅၀)ပင်၊ မန်ကျဥ်ရှား (၁၅၀)ပင်၊ စိန်ပန်းပြာ(၃၅၀)ပင်၊ စုစုပေါင်း ပျိုးပင်ပေါင်း(၁၀၀၀)ပင်အား ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် ဒေသစိမ်းလန်းစိုပြေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ သစ်တောသစ်ပင်များ ပြုန်းတီးမှုကာကွယ်နိုင်ရေးတို့အတွက် ပြည်သူတိုင်းမှ သစ်တောသစ်ပင်များကို ချစ်မြတ်နိုးတန်ဖိုးထားပြီး ကာကွယ်ထိန်းသိမ်းလိုသောစိတ်ဓာတ်ထာဝစဥ်ရှင်သန်စေရန်ရည်ရွည်၍ သစ်တောဦးစီးဌာနမှဒေသအတွင်းရှိ ပြည်သူများနှင့် ပူးပေါင်း၍ သစ်ပင်စိုက်ပျိုးရေး လှုပ်ရှားဆောင်ရွက်မှုများကို နှစ်စဥ်နှစ်တိုင်းပြုလုပ်ကာ သစ်ပင်များ စိုက်ပျိုးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကာလိ(ပြန်/ဆက်)