ကျိုက်လတ်၌ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်‌လျော့ချ‌ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ကျိုက်လတ် ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်‌ လျော့ချ‌ရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်း‌အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းအောင်၊ အဖွဲ့ဝင်(၂) ဦးစိန်မြင့်နှင့်အတွင်းရေးမှူး ရဲမှူးကျော်စိုးတို့က ပြည်သူများ၏စားဝတ်‌နေရေးအတွက် အဓိကကျသော ဆန်၊ စားသုံးဆီနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေး လက်တွေ့ကျပြီး အမှန်တကယ်ထိရောက်အကျိုးရှိမည့် နည်းလမ်းများဖြင့် ထိန်းကျောင်းကြပ်မတ်‌ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်မှုကိုပျက်ပြားစေမည့်ကိစ္စရပ်များအား စားသုံးသူကာကွယ်ရေးဥပ‌ဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်ရန်လိုအပ်ကြောင်း အမှာစကား ပြောကြားပြီး တက်ရောက်လာကြသည့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းကော်မတီဝင်များ၊ လုပ်ငန်းရှင်များ၊ ဆီလုပ်ငန်းရှင်များနှင့် ဆန်လုပ်ငန်းရှင်များကဒေသအတွင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ကုန်စည်အဝင်အထွက်မျှတမှုရှိစေရေး၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးဆိုင်ရာကိစ္စရပ်များနှင့် ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးဆိုင်ရာ ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 လှိုင်မင်းအောင်