ပေါက်ခေါင်း ဇွန်၂၅
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနကကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက စမ်းကလေးကျေးရွာ အမှတ်(၁) ခရိုင်ချင်းဆက်လမ်းဘေး၌ ကျင်းပခဲ့သည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ရပ်မိရပ်ဖများ စုစုပေါင်း အင်အား ၃၇၇ ဦးခန့်ဖြင့် ၂ ပေအထက်ကျွန်းပင် ၁၅၀ ပင်၊ တမာ ၁၅၀ ပင်၊သခွပ် ၁၅၀ ပင်မဟော်ဂနီ ၂၅ ပင်၊ ကုက္ကိုလ် ၂၅ ပင်၊ မယ်ဇယ် ၂၅ ပင်၊ ပိတောက် ၂၅ ပင်၊ပျဉ်းကတိုး ၂၅ ပင်စုစုပေါင်းသစ်ပင် ၅၇၅ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)