မင်းဘူး ဇွန် ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ နယ်လှည့်ဈေးရောင်းချသူများအဖွဲ့က ဦးဆောင်ကျင်းပသည့် စုပေါင်းဈေးရောင်းပွဲတော်ကို မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက်ရှိ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းရုံးဝင်းအတွင်း၌ ၈ ရက်တိုင်တိုင်ကျင်းပခဲ့ရာ ဈေးရောင်းပွဲတော် နောက်ဆုံးနေ့အဖြစ် ယမန်နေ့ညပိုင်းက လာရောက်လည်ပတ်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့ စုပေါင်းဈေးရောင်းပွဲတော်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်မှ ၂၄ ရက်နေ့အထိ (၈) ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး နယ်လှည့်ဈေးရောင်းချသည့် ဈေးသည်များ၏ စားဝတ်နေရေးအဆင်ပြေစေရန် ရောင်းချခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း၊ စျေးသည်များအားလုံး ရောင်းအားကောင်းခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါဈေးရောင်းပွဲတော်ကြီးတွင် အင်္ကျီ၊ အဝတ်အထည်၊ ဦးထုပ်၊ ဖိနပ် စသည့် လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ နိဗ္ဗာန်ကုန်အရောင်းဆိုင်ပစ္စည်းအမျိုးမျိုး၊ မီးဖိုချောင်နှင့် အိမ်သုံးပစ္စည်းအမျိုးမျိုး၊ ကလေးကစားစရာ အရုပ်ပစ္စည်းအမျိုးမျိုးနှင့် လက်ဆောင်ပစ္စည်း အမျိုးမျိုးတို့အပြင် စားသောက်ဆိုင်တန်းများ၊ အညာဒေသရိုးရာမုန့်မျိုးစုံ ဆိုင်တန်းများနှင့် ကလေးကစားကွင်းများလည်းပါဝင်ကာ စျေးသည်များအားလုံး ရောင်းအားကောင်းခဲ့ကြောင်း၊ ဈေးရောင်းပွဲတော်နောက်ဆုံး၌ အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများဖြင့် စည်းကားခဲ့က သိရသည်။
မောင်မောင်(မင်းဘူး)