ဒဂုံမြို့နယ်၊ တိုင်းဒေသကြီးအစိုးရရုံး၌ တုပ်ကွေးရောဂါကာကွယ်ဆေး GCflu puadrivalent Multi Vaccine ထိုးနှံခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး P.fizer ထပ်ဆောင်းထိုးနှံခြင်း ဆောင်ရွက်

ဒဂုံ ဇွန် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံး၌ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် တုပ်ကွေးရောဂါကာကွယ်ဆေး GCflu puadrivalent Multi Vaccine ထိုးနှံခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး P.fizer ထပ်ဆောင်းထိုးနှံခြင်း ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် တုတ်ကွေးရောဂါကာကွယ်ဆေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး P-fizer ထပ်ဆောင်းထိုးနှံခြင်းကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွန်ကြားရေးမှူး ဒေါက်တာစန္ဒာ၊ တိုင်းဒေသကြီးကုသရေးဦးစီးဌာန ညွန်ကြားရေးမှူး ဒေါက်တာရန်နောင်ထွန်း၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ ဒဂုံမြို့နယ်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာရွှေပြည်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများမှ တိုင်းဒေသကြီးအစိုးရရုံးသို့ သွားရောက်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။         

အဆိုပါ တုတ်ကွေးရောဂါကာကွယ်ဆေး GCFlu puadrivalent Multi Vaccine နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ်၊ အစိုးရအဖွဲ့၀င်၀န်ကြီးများနှင့် ဇနီးများ (၇၇) ဦးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၀န်ထမ်း (၃၃၆)ဦးကို ထိုးနှံပေးခဲ့ကြောင်း သတင်းရရှိပါသည်။

လဲ့လဲ့(ပြန်/ဆက်)