Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းမှ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jun 24,2024
သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းမှ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် “ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲ” ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အပြည်ပြည်ဆိုင်ရာ သင်္ဘောသားနေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်း
Jun 24,2024
၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သင်္ဘောသားနေ့ (Day of The Seafarer) အားဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ်ကကြီးမှူးပြီး စုပေါင်းငွေလှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ အမျိုးသား သွေးလှူဘဏ်တွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများနှင့် ဆုချီမြှင့်ပွဲကျင်းပ…
Jun 24,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ မူလတန်းအဆင့် ကဗျာရွတ်၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့နယ်၌ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ
Jun 24,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် အသိပညာပေး ဟော ပြောပွဲကို ယနေ့နံနက် (၁၁) နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေပြည်သာမြို့နယ်၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Jun 24,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေပြည်ရတနာခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
စေတုတ္တရာမြို့နယ်၌ ရောဂါပိုးမွှားများ ဖြစ်ပွားခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ် (Abate) ဆေးများခတ်ခြင်း ဆောင်ရွက်
Jun 24,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများနှင့် ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နှင်းရေး ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့တို့ပူးပေါင်း၍ သွေးလွန်တုပ်ကွေးနှင့် ပိုးမွှားများအန္တရာယ်မှ ကာကွယ်ရန် အဘိတ်(Abate) ဆေးများခတ်ခြင်း၊ ခြင်နိုင်ဆေးများ ပက်ဖျန်းခြင်းကို မြို့နယ်မူလတန်းကြိုကျောင်း၌ ယနေ့နံနက် (၉) နာရီအချိန်က ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို တောင်သူများအတွက် ပန်းတိုင်အထွက်နှုန်း ရရှိစေရန် မျိုးစပါးများနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲသို…
Jun 24,2024
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်ရှိ ဘက်စုံအဆင့်မြင့် နည်းပညာ သုံးစံပြကျေးရွာများအတွက် မျိုးစပါး၊ ကွန်ပေါင်းဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများနှင့် မိုးစပါးစိုက် အကျိုးဆောင် တောင်သူများအတွက် ပန်းတိုင်အထွက်နှုန်းရရှိစေရန် မျိုးစပါးများနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် (၈) နာရီခွဲခန့်က ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင် ပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်
Jun 24,2024
ပြည်သူများအနေဖြင့် သစ်တောသစ်ပင်၏ တန်ဖိုးကို အလေးထားနားလည်ချစ်မြတ်နိုးသည့် စိတ်ဓာတ်ကို ဖော်ဆောင်ပေးရန်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်၊ အရိပ်အာဝါသနှင့် မျက်စိပသာဒရှိစေရန်၊ ရာသီဥတုကောင်းမွန်မျှတ၍ အပူဒဏ်ကာကွယ်ရန်ရည်ရွယ်၍ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၇ နာရီခွဲခန့်က တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ အမှတ်(၃၄၂) ခြေမြန်တပ်ရင်းအတွင်း ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စစ်ဗျူဟာအဖွဲ့(အခြေချ)ကော့သောင်းမှ စစ်ဗျူဟာမှူး၊ ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနဝန်ထမ်းများ၊ NGO အဖွဲ့များ တက်ရောက်စိုက်ပျိုးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4581
Page
4582
Page
4583
Page
4584
Current page
4585
Page
4586
Page
4587
Page
4588
Page
4589
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department