Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲကျင်းပ
Jun 24,2024
နိုင်ငံတော်၏လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် မျိုးဆက်သစ်လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများဖြစ်လာစေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာသာမက ပြင်ပစာပေအသိပညာဗဟုသုတများ ကြွယ်ဝလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက လားရှိုးမြို့၊အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး၊ သတင်းစာဆရာအသင်းနာယက ဦးကျော်လှနှင့် စာရေးဆရာများမှ ကျေးရွာရွေ့လျားစာကြည့်တိုက်သို့ အလှူငွေနှင့် သုတရသစာအုပ်များ စုပေါင်းလှူဒါန်း…
Jun 24,2024
ပဲခူးတိုင်းဒေသကြီး၊ သတင်းစာဆရာအသင်းနာယက ဦးကျော်လှနှင့် စာရေးဆရာများမှ စုပေါင်း၍ တောင်ငူမြို့နယ်၊ သျှားယားကုန်းကျေးရွာရှိ" ဒို့ကျေးရွာရွေ့လျားစာကြည့်တိုက်" သို့ အလှူငွေနှင့် သုတရသစာအုပ်များ စုပေါင်းလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက တောင်ငူမြို့၊ ဓါတုကလျာလမ်းရှိ သမာဓိဂေဟာ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများစုပေါင်းဆောင်ရွက်
Jun 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဦးဆောင်၍ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းစတင်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေး
Jun 24,2024
စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး၊ ပျဉ်းမနားမြို့အနေဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင် (၁၀၆) ဆိုင်ရှိသည့်အနက် (၆)ဆိုင်မှာ ယာယီပိတ်သိမ်းထားရှိပြီး ဖွင်လှစ်ရောင်းချလျက်ရှိသောအရောင်းဆိုင် (၁၀၀) အား အရည်အသွေး၊ အခြင်အတွယ်ပြည့်ဝမှန်ကန်မှု ရှိ/မရှိနှင့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ နေ့စဉ်ထုတ်ပြန်လျက်ရှိသော သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ တို့အားဌာနပိုင် Mobile Fuel Lab ယာဉ်ဖြင့် လစဉ် ရှောင်တခင်ဝင်ရောက် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ လိုင်စင်ရစက်သုံးဆီ အရောင်းဆိုင် (၉၄) ဆိုင်အားလည်းကောင်း၊ ဇွန်လ(၁)ရက်နေ့မှ(၂၃)ရက်နေ့အတွင်း စက်သုံးဆီ အရောင်းဆိုင် (၁၅) ဆိုင် အားလည်းကောင်း အရောင်းဆိုင် စုစုပေါင်း (၁၀၉) ဆိုင်တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီးဖြစ်၍ ပထမ (၆) လတာ ကာလအတွင်း (၁၀၀) ရာခိုင်နှုန်း ကျော် စစ်ဆေးဆောင်ရွက် ခဲ့ပြီးဖြစ်ပါသည်။ ထိုသို့စစ်ဆေးဆောင်ရွက်ခဲ့သော အရောင်းဆိုင်များမှာ အရည်အသွေး၊ အခြင်အတွယ် ပြည်ဝမှန်ကန်မှုရှိကြောင်းနှင့် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း၏ ၂၀၂၄ ခုနှစ် ပထမအကြိမ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 24,2024
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ ၂၀၂၄ ခုနှစ် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း ၏ ပထမအကြိမ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်၇နာရီကမှော်ဘီမြို့နယ်၊ 33/11kV10MVA တပ်ကြီးကုန်း ဓာတ်အားခွဲရုံ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မှော်ဘီမြို့နယ်၌ ဝါးလက်မှု ပစ္စည်းထုတ်လုပ်မှုအသက်မွေးဝမ်းကြောင်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်လှစ်
Jun 24,2024
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ ဝါးလက်မှု ပစ္စည်းထုတ်လုပ်မှုအသက်မွေးဝမ်းကျောင်းသင် တန်းအမှတ်စဉ် (၁/၂၀၂၄) ကို ယနေ့နံနက် ၉နာရီက မှော်ဘီမြို့နယ် AfoCO RETC သင်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျပန်း၊စာစီစာကုံး၊ကဗျာ၊ပုံပြောပ…
Jun 24,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ကျောင်းသူများ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်းကို သိရှိနိုင်စေရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျပန်း၊ စာစီစာကုံး၊ ကဗျာ၊ ပုံပြောပြိုင်ပွဲများနှင့် နံရံကပ်စာစောင်ပြပွဲများကိုကျင်းပရာ ယနေ့ နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြု ဗဟိုဌာန Community Centreခန်းမတွင် ကျပန်းနှင့် စာစီစာကုံးပြိုင်ပွဲများကိုကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာခရိုင်၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ တန်ဖိုးမြှင့်သောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်
Jun 24,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မုံရွာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းကာ ဒေသခံပြည်သူများအလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေး၊ နိုင်ငံခြားသွင်းကုန်အား ပြည်တွင်းထုတ်လုပ်မှုဖြင့် အစားထိုးဆောင်ရွက်နိုင်ရေး ဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီးဒေါ်ရီရီသန်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းနှင့် တိုင်းဒေသကြီးအဆင့် ဖိတ်ကြားထားသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4579
Page
4580
Page
4581
Page
4582
Current page
4583
Page
4584
Page
4585
Page
4586
Page
4587
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department