အမြို့မြို့အနယ်နယ်သတင်းများ

Jul 21,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊  အမှတ် ၆ မင်းတဲရပ်ကွက်ရှိပှု ပါမောက္ခဒေါက်တာသန်းလွင်(အသည်းအထူးကုပါရဂူ)ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ယမန်နေ့နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသော ရဟန်းရှင်/လူ လူနာ(၂၅၀)ဦးကျော်အားအခမဲ့ကုသပေးခဲ့သည်။
Jul 21,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပဲခူးခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒိုက်ဦးမြို့နယ် (၂၀၂၄- ၂၀၂၅) ဘဏ္ဍာရေးနှစ်ဒိုက်ဦး ဥသျှစ်ကုန်းလမ်းနှင့် ဗျက်ကလေးကျေးရွာချင်းဆက်လမ်းလမ်းခြင်း လုပ်ဆောင်လျက်ရှိသည်။
Jul 21,2024
၂၀၂၄-ခုနှစ် ဇူလိုင်လ (၂၀)ရက်နေ့တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၆-ခုနှစ် ဝါဆို လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ယမန်နေ့ နံနက်ပိုင်းအချိန်မှစတင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ဥပုသ်သီတင်းသီလ ဆောက်တည်ကြသူများ၊ ဝါဆိုရွှေကြာသင်္ကန်းကပ်လှူ သူများအပြင် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်း၍ ကုသိုလ်ကောင်းမှုပြုသူများ၊ တရားဘာဝနာပွားများ ကျင့်ကြံအားထုတ်သူများ၊ စတုဒီသာ ကျွေးမွေးလှူဒါန်းကြသူများနှင့် ရန်ကုန်မြို့အပါအဝင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးပင် စည်ကားလျက်ရှိကြောင်း သိရသည်။
Jul 21,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၇)ရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့် ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့) အခမ်း အနားများကို စေတီတော်ရင်ပြင်ရှိ သာသနာ့ဇောတိကဓမ္မာရုံတွင် ယနေ့နံနက် ၅ နာရီမှစတင်၍ ကျင်းပသည်။ နံနက် ၅ နာရီတွင်  သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များက စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးဆွမ်းများဖြင့် ကပ်လှူပူဇော်ကြသည်။ ထို့နောက် မေတ္တာဘာဝနာပွားများခြင်း၊ သံဃာတော်များအား အရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့ခြင်းများ ဆောင်ရွက်ခဲ့ပြီး နံနက် ၉ နာရီအချိန်တွင် သီလပေးတရားပွဲ၊ နေ့လယ် ၁ နာရီအချိန်တွင် နေ့တရားပွဲများ ဆောင်ရွက်ခဲ့သည်။
Jul 21,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊  ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီး၌ ဝါဆိုလပြည့်နေ့၊ ဓမ္မစကြာနေ့ (၅၂)ကြိမ်မြောက် ဝါတွင်းတရားပွဲကို ယနေ့နံနက်(၁၀)နာရီက ရင်ပြင်ပေါ်ရှိ ဆိပ်ကမ်းလုပ်သားပေါင်းစုံ ဓမ္မာရုံ၌ ပုညသုခကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တမေဓာနန္ဒနမှ ကိုးပါးသီလနှင့်ဝါဆိုသင်္ကန်းကပ်တရား၊ ရေစက်ချတရားတော်များ ဟောကြားခဲ့ကြောင်း သိရသည်။
Jul 21,2024
ရှမ်းပြည်နယ်အစိုးရနှင့် လွိုင်လင်ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသမှ ခေတ္တယာယီနေရပ်စွန့်ခွာလာသူများအား ဆန်၊ ဆီ၊ ဆားနှင့် စားသောက်ကုန်များ ကူညီထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပင်လုံမြို့ မဟာရဌာဘိသာမဂ္ဂီစေတီတော် သာသနာ့ရက္ခိတဗိမာန်တော်တွင် ကျင်းပပြုလုပ်သည်။
Jul 21,2024
ယနေ့ ( ၂၀၂၄-ခုနှစ် ဇူလိုင်လ (၂၀)ရက်နေ့ )တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၆-ခုနှစ် ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ယနေ့နံနက်ပိုင်းအချိန်မှစတင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ဥပုသ်သီတင်းသီလ ဆောက်တည်ကြသူများ၊ ဝါဆိုရွှေကြာသင်္ကန်း ကပ်လှူသူများအပြင် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်း၍ ကုသိုလ်ကောင်းမှုပြုသူများ၊ တရားဘာဝနာပွားများ ကျင့်ကြံအားထုတ်သူများ၊ စတုဒီသာကျွေးမွေးလှူဒါန်းကြသူများနှင့် ရန်ကုန်မြို့အပါအဝင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးပင် စည်ကားလျက်ရှိကြောင်း သိရသည်။