ဒိုက်ဦးမြို့နယ်၌ ဒိုက်ဦးဥသျှစ်ကုန်းလမ်းနှင့် ဗျက်ကလေးကျေးရွာချင်းဆက်လမ်းဂဝံခင်းခြင်း ဆောင်ရွက်

ဒိုက်ဦး ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပဲခူးခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒိုက်ဦးမြို့နယ် (၂၀၂၄- ၂၀၂၅) ဘဏ္ဍာရေးနှစ်ဒိုက်ဦး ဥသျှစ်ကုန်းလမ်းနှင့် ဗျက်ကလေးကျေးရွာချင်းဆက်လမ်းလမ်းခြင်း လုပ်ဆောင်လျက်ရှိသည်။

အဆိုပါ လမ်းအရှည် (0.548 km)အား သတ်မှတ်လမ်းအကျယ်ပြည့်မီအောင် အငှားမြေဖြင့် မြေသားတာဘောင်ချဲ့ရန်နှင့် မူလအမာခံလမ်းအား ဂဝံရောမြေဖြင့် နိမ်/မြင့် မြေညှိရန် (5.48 m)အကျယ်ပြည့်မီအောင် Subgrade ချဲ့ရန် (50 mm-100mm) (4.27 m) (150mm) (3.66 m) 33 (175 m)ထု ကွန်ကရစ်ခင်းရန်၊ အမာခံလမ်းပုခုံးခင်းရန် T.H.Hlaing Co., Ltdမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်ခွင့်ပြုငွေ ကျပ် (၂၁၅.၆၀၀)သန်းဖြင့် ဆောင်ရွက်နေကြာင်း၊ ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မြင့်ထွန်းနှင့် ကျေးရွာတာဝန်ခံများက ကြီးကြပ်ဆောင်ရွက်နေကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)