သရက်မြို့၌ ဆန်စက်နှင့် ဆန်လုပ်ငန်းရှင်များ အသင်းမှ စားသုံးသူပြည်သူများအား ဆန်တစ်ပြည် (၃၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိ

သရက် ဇူလိုင် ၂၂

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဆန်စက်နှင့် ဆန်လုပ်ငန်းရှင်များအသင်းမှ စားသုံးသူ ပြည်သူများအား အရည်အသွေးကောင်းမွန်သော ဧည့်မထဆန် တစ်ပြည်လျှင် (၃၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် (၈) နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော်ဓမ္မာရုံတွင် ရောင်းချပေးလျက်ရှိသည်။

အဆိုပါ ဆန်ရောင်းချပေးရာတွင် အများပြည်သူများ ဈေးနှုန်းသက်သာစွာနှင့် စားသုံးနိုင်ရေးအတွက် တစ်အိမ်ထောင် (၁) ပြည်နှုန်းဖြင့် ဆန်အိတ် (၁၅) အိတ် ရောင်းချပေးနေမှုကို စားသုံးသူရေးရာ ဦးစီးဌာနတို့က ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်ထက်(သရက်)