ကံမ ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ဇူလိုင်လအတွက် ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့ နံနက် ၆ နာရီမှ စတင်၍ထုတ်ပေးလျက်ရှိရာ ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအားနေ့အလိုက် ခွဲခြားသတ်မှတ်၍ ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပင်စင်လစာများထုတ်ပေးရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့်လည်း မိသားစုဝင်တစ်ဦးဦးက ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း ကံမမြို့နယ်တွင် မြို့ပြပင်စင် (၆၀၉)ဦး၊ ကာကွယ်ရေးပင်စင်(၁၄၉) ဦး၊ နိုင်ငံရေးပင်စင်(၇၂)ဦး နှင့် မြန်မာ့စီးပွားရေးဘဏ် ပင်စင်(၈) ဦး၊ စုစုပေါင်း ပင်စင်စား အငြိမ်းစားဝန်ထမ်း (၈၃၈)ဦး ရှိကြောင်း ကံမမြို့မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)