အမြို့မြို့အနယ်နယ်သတင်းများ

Aug 23,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း (တမာပင်) ၌ပြုလုပ်သည်။
Aug 23,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးဟန်သူ၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်‌အောင်နိုင်‌ရေးကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ အားကစားနည်းတာဝန်ခံများ တက်ရောက်ကြသည်။
Aug 23,2024
ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကား ဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက ရေဆင်းအခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
Aug 23,2024
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင် Mpox (မျောက်ကျောက်)ရောဂါကူးစက်မှုအား နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်။
Aug 23,2024
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာအုပ်စုအတွင်းရှိချောင်းများ၌ ငါးမျိုးစိုက်ထည့်ရန် ယနေ့နံနက်ပိုင်းတွင် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
Aug 23,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြို့မစည်ပင်သာယာဈေးအနီး၊ မြို့မရပ်ကွက်တွင်၊ ယမန်နေ့မွန်းလွဲ(၃:၀၅)နာရီခန့်က ဝါယာလျှော့ဖြစ်ရာမှ လူနေအိမ်တစ်လုံးနှင့် ဆိုင်ခန်းတစ်ခန်းမီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
Aug 23,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ်စိုက်ညှိအဖွဲ့မှ လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပခဲ့ကြောင်း သိရသည်။