ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာအုပ်စုအတွင်းရှိ ချောင်းများ၌ ငါးမျိုးစိုက်ထည့်ရန် ကွင်းဆင်းကြည့်ရှု

ပုဗ္ဗသီရိ ဩဂုတ် ၂၃

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာအုပ်စုအတွင်းရှိချောင်းများ၌ ငါးမျိုးစိုက်ထည့်ရန် ယနေ့နံနက်ပိုင်းတွင် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် ငါးလုပ်ငန်းဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ရာတွင် နိုင်ငံအတွင်းမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်၊ ကုန်ထုတ်လုပ်နိုင်ရေး၊ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့်လုပ်ငန်းများအား လျာထားချက်အတိုင်း ပြည့်မီစွာဆောင်ရွက်နိုင်စေရန်၊ မွေးမြူရေးလုပ်ငန်းများတွင် ငွေကြေးအရင်းအနှီးများရင်းနှီးပြီး ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်လာစေရန်၊ ပြည်တွင်း၌ စားရေရိက္ခာဖူလုံစေရန်၊ သဘာဝမြစ်၊ ချောင်း၊ အင်း၊ အိုင်များတွင် ငါးသယံဇာတများတိုးပွားစေရန် ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာအုပ်စုအတွင်းရှိ ချောင်းများ၌ ငါးမျိုးစိုက်ထည့်နိုင်ရေးအတွက် ဥတ္တရခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးနိုင်၊ ပုဗ္ဗသီရိမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သိန်း၊ လယ်ဝေးမြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထိုက်၊ ရေဆင်းတာဝန်ခံ ဦးအောင်သူနှင့် တာဝန်ရှိသူများက  မြေပြင်ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရ သည်။

သန်းသန်းနွယ်(ပုဗ္ဗ)