အမြို့မြို့အနယ်နယ်သတင်းများ

Dec 12,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဘဏ္ဍာနှစ်အလိုက် ဒေသန္တရစီမံကိန်း၏ ပင်မလုပ်ငန်းအစီအစဉ်မှ စီမံချက်ဝင်လုပ်ငန်းဖြစ်သော ဝန်းကျင်လေထု အရည်အသွေးတိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ရန်ကုန်-မန္တလေး ကားလမ်းမဘေးရှိ Hotel Glory တွင် AQM-09 တိုင်းတာရေးစက်ဖြင့်  လေထုအရေအသွေးများ တိုင်းတာစစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 12,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အလယ်ချောင်း(အထက်) ကျေးရွာနှင့်အလည်ချောင်း(အောက်)ကျေးရွာတို့တွင် ကျောင်းအခြေပြု သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး (HPV)နှင့် ဆုံဆို့-မေးခိုင် (DT) ကာကွယ်ဆေးထိုးနှံခြင်းတို့ကို ယနေ့နံနက်ပိုင်းမှ စတင်ကာ လိပ်သို တိုက်နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Dec 12,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယ​​​မန်နေ့ နံနက် (၁၀) နာရီက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
Dec 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Dec 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အကူပြုစေရန် ပြည်သူများ ပလတ်စတစ်အိတ်သုံးစွဲမှု လျော့နည်းစေရေးအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားရှိမှုအား လိုက်နာဆောင်ရွက်မှုရှိစေရေး ကြီးကြပ်စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်း၌ ဆောင်ရွက်ခဲ့သည်။
Dec 12,2024
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးနှင့်သဘာဝဘေးအန္တရာယ်လျှော့ချရေး၊ တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan)ကို ယမန်နေ့နံနက် (၁၀) နာရီက အာရှစွမ်း ကိုယ်ပိုင်စာသင်ကျောင်း၌ ပြုလုပ်သည်။
Dec 12,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးရှိ ပြည်သူ့စာကြည့်တိုက်တွင် အစိုးရရုံးဖွင့်သည့်နေ့တိုင်း နံနက် (၉) နာရီမှ နေ့လယ် ၄ နာရီခွဲအချိန်အထိ နိုင်ငံတော်မှထုတ်ပြန်ထားသည့် စာအုပ်စာစောင်များနှင့် သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ စာအုပ်များအား ကျောင်သား၊ ကျောင်းသူများနှင့် နိုင်ငံဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းဟောင်းများ စျေးရောင်းစျေးဝယ် ပြည်သူများနှင့် နိုင်ငံကျော် စာရေးဆရာကြီးများမှ လာရောက်ဖတ်ရှုလေ့လာမှတ်သားကာ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
Dec 12,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။