စလင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် သုတ၊ ရသနှင့် စာအုပ်စာစောင်များ ပုံမှန်ငှားရမ်းပေး

စလင်း ဒီဇင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးရှိ ပြည်သူ့စာကြည့်တိုက်တွင် အစိုးရရုံးဖွင့်သည့်နေ့တိုင်း  နံနက် (၉) နာရီမှ နေ့လယ် (၄) နာရီခွဲအချိန်အထိ နိုင်ငံတော်မှထုတ်ပြန်ထားသည့်  စာအုပ်စာစောင်များနှင့် သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ  စာအုပ်များအား ကျောင်သား၊ ကျောင်းသူများနှင့် နိုင်ငံဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းဟောင်းများ စျေးရောင်းစျေးဝယ် ပြည်သူများနှင့် နိုင်ငံကျော်စာရေးဆရာကြီးများမှ လာရောက်ဖတ်ရှုလေ့လာမှတ်သားကာ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် နိုင်ငံဝန်ထမ်းများနှင့် အငြိမ်းစားပင်စင်စား ဝန်ထမ်းဟောင်းများ စျေးရောင်း စျေးဝယ်ပြည်သူများ  ကျောင်းသား၊ ကျောင်းသူများ စလင်းမြို့နယ်ရှိ နိုင်ငံကျော်စာရေးဆရာများက စလင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေပြီး စာအုပ်စာပေဖတ်ရှုလေ့လာခြင်းမှ  ဉာဏ်အမြှော်အမြင် ထက်မြက်၍  စာပေဗဟုသုတနှင့်  ကြွယ်ဝပြည့်စုံသည့်  လူငယ်များနှင့်  နိုင်ငံသားကောင်းရတနာ  သမီးကောင်းရတနာများ ဖြစ်စေရန်ရည်ရွယ်၍  နိုင်ငံတော်မှ ပြည်သူ့စာကြည့်တိုက်အား ဖွင့်လှစ်ထားရှိခြင်းဖြစ်ကာ အစိုးရရုံးဖွင့်သည့်နေ့တိုင်း နံနက် (၉) နာရီမှ  ညနေ (၄) နာရီခွဲအချိန်အထိ  ဖွင့်လှစ်ထားရှိ၍ နိုင်ငံတော်မှ ထုတ်ပြန်ရေးသားထားသည့်  သမိုင်းဝင်မှတ်တမ်းကောင်းများ  သိမှတ်ဖွယ်ရာ ဗဟုသုတ အဖြာဖြာစာအုပ်များ နေ့စဥ်ထုတ်သတင်းစာများနှင့် မဂ္ဂဇင်းများ သုတရသစာအုပ်များမှ အသိပညာ အတတ်ပညာများအား ဖတ်ရှုလေ့လာစေပြီး စာအုပ်စာပေများမှ ဗဟုသုတများစွာရရှိစေ၍ စာအုပ်စာစောင်များကို ပြည်သူ့စာကြည့်တိုက်အတွင်း ဖတ်ရှုလေ့လာမှတ်သားခြင်း ငှားရမ်းခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ပျူငှာယဥ်ကျေးစွာဖြင့် ငှားရမ်းပေးလျက်ရှိကြောင်း  သိရသည်။

(မောင်လွင်)စလင်း