အမြို့မြို့အနယ်နယ်သတင်းများ

Dec 13,2024
မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းတို့ကို ယမန်နေ့နံနက်ပိုင်းက (အမက)မြိုင်သာယာကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 13,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးသီးနှံခေါင်နှံမျိုးသန့်ရွေးချယ်ခြင်းနှင့် အသိပညာပေးဟောပြောခြင်းများကို ယမန်နေ့က ပ/လက်ခုပ်ပင်ကျေးရွာအုပ်စု စာရံအိုင့်ကျေးရွာ၊ ပ/ဂွေးချိုကျေးရွာနှင့် အင်းကုန်းကျေးရွာများတွင် ပြုလုပ်ခဲ့ကြသည်။
Dec 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ရုံးလုပ်ငန်းဆိုင်ရာသင်တန်းကို မြန်အောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ယမန်နေ့နံနက်က ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
Dec 13,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ အများပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးဘေးအန္တရာယ်သတိရှိစေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ နေ့လယ်ပိုင်းက မြို့ပေါ်(၇)ရပ်ကွက်သို့ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။     
Dec 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းနှင့်ဝန်ထမ်းများက အခြေခံပညာမူလတန်းကျောင်း ဇော်ဂျီကွင်းတွင် ယမန်နေ့နံနက် ၁၀ နာရီတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Dec 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ချောင်းကလေးတွင်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးကိုကိုမောင်က အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ဗလငါးတန်နှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်ကိုယူကြမည့် လူငယ်များ အလုပ်အကိုင်၊ အတွေးအခေါ်၊ အယူအဆများမှန်ကန်စေရန် စသည်ဖြင့် လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းအမှာစကား ပြောကြားခဲ့သည်။
Dec 13,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ရှိန်မြင့်မားရေးနှင့် ထူးချွန်ထက်မြက်သော ကျောင်းသားလူငယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၉း၃၀ နာရီက (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထက်တန်း၊အလယ်တန်းမူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 13,2024
မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ နိုင်းပြိုင်/ ဘဲရမ်းကျေးရွာများ၌ ကျေးရွာစာကြည့်တိုက် အဆောက်အဦအသစ် ဆောက်လုပ်နေမှုအခြေအနေများကို ယမန်နေ့နံနက် ၁၀ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။