နတ်တလင်းမြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

နတ်တလင်း ဒီဇင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ရှိန်မြင့်မားရေးနှင့် ထူးချွန်ထက်မြက်သော ကျောင်းသားလူငယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၉း၃၀ နာရီက (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထက်တန်း၊အလယ်တန်းမူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်းက ကျောင်းသား/ကျောင်းသူများ လွတ်လပ်ရေးနေ့အကြောင်းနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ခိုင်မာစေရေးအတွက် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။

 ပြိုင်ပွဲတွင် နတ်တလင်းမြို့နယ် အခြေခံပညာကျောင်းများမှအထက်တန်းအဆင့် (၆) ဦး၊ အလယ်တန်းအဆင့် (၆)ဦး၊ မူလတန်းအဆင့် (၉) ဦး၊ စုစုပေါင်း (၂၁) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် ပြိုင်ပွဲတွင်အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား မြို့နယ်ဦးစီးအရာရှိ ​ဒေါ်ခင်သူဇာဝင်း၊ဒုတိယဦးစီးမှူး ဒေါ်ထားထားဦးနှင့်တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်၊ စာစောင်များ၊ နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 မြို့နယ် (ပြန်/ဆက်)