မုဒုံ ဒီဇင်ဘာ ၁၃
မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ နိုင်းပြိုင်/ ဘဲရမ်းကျေးရွာများ၌ ကျေးရွာစာကြည့်တိုက် အဆောက်အဦအသစ် ဆောက်လုပ်နေမှုအခြေအနေများကို ယမန်နေ့နံနက် ၁၀ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် စာကြည့်တိုက်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များက အဆောက်အဦအား အရည်အသွေးပြည့်မီ ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး၊ ကျေးရွာစာကြည့်တိုက် ဆောက်လုပ်ပြီးစီးမှု အခြေအနေများနှင့် လိုအပ်မှုများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကျေးရွာစာကြည့်တိုက် အဆောက်အဦးအသစ်နှစ်တိုက်ကို နိုင်ငံတော်နှင့်စေတနာရှင် မတည်အလှူရှင်တို့က ငွေကျပ်သိန်း (၃၀၀) ဖြင့် ပေ (၂၀×၂၀)ကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)