အမြို့မြို့အနယ်နယ်သတင်းများ

Dec 24,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရေး၊ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြင့်မားရေးအတွက် နိုင်ငံတော်၏ လှူဒါန်းထောက်ပံ့ငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် တောင်တွင်းကြီးမြို့နယ်၊ မောင်းတိုင်(၁)ရပ်ကွက်ရှိ လောကတက္ကသိုလ်စာကြည့်တိုက် ဆောက်လုပ်နေမှု (၉၅)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Dec 24,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမနေရာ၌ ၇၇ နှစ်မြောက်လွတ်လပ်ရေးနေ့အကြိုအဖြစ် ယမန်နေ့နံနက်ပိုင်းက ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြသည်။
Dec 24,2024
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ၏ မတည်ငွေကျပ် သိန်း ၁၅၀ ဖြင့် လွိုင်မွေကျေးရွာအုပ်စု၊ နောင်လျန်(၂)ကျေးရွာ၌ စာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲကို ယမန်နေ့က ကျင်းပသည်။
Dec 24,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များလိုက်ပါလျက် ယမန်နေ့ ညနေ ၅ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပျဉ်းမလွင်​ကျေးရွာအုပ်စု၊ ပျဉ်းမလွင်ကျေးရွာရှိ နွေစပါး ပထမသီးနှံ ဧက(၅၀၀) စံပြစိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Dec 24,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက် ၁၁ နာရီအချိန်က ဆင်ပေါင်ဝဲမြို့ အမှတ်(၃)ရပ်ကွက်ရှိ နေအိမ်များသို့ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
Dec 24,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုအရ  ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား(အခမဲ့) ကျန်းမာရေး စောင့်ရှောက်မှုများကို ယနေ့နံနက် ၉ နာရီအချိန်က ​မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Dec 24,2024
ပဲခူးတိုင်းဒေသကြီး၊ ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)၌ (၂၀၂၄-၂၀၂၅)ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ) ပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်သည်။
Dec 24,2024
မွန်ပြည်နယ် မုဒုံမြို့တွင် မြို့အနီးပတ်ဝန်းကျင်နှင့်ကျေးရွာများ၌ စိုက်ပျိုးထားကြသည့် ဆောင်းသီးနှံ ရွှေဖရုံသီးများ အောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိကာ တောင်သူများ အဆင်ပြေလျက်ရှိသည်။