လက်ပံတန်းမြို့၌ စက်သုံးဆီအရောင်းဆိုင်များကို မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးကွင်းဆင်းစစ်ဆေး

လက်ပံတန်း ဒီဇင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ လက်ပံတန်းမြို့နယ်အတွင်း စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 ထိုသို့​ဆောင်ရွက်ရာတွင် လက်ပံတန်းမြို့နယ်မီးသတ်ဦးစီးမှူးဦးလင်း​ကျော်နှင့် မြို့နယ်ရုံး/ စခန်းရှိတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် လက်ပံတန်းမြို့နယ်တွင် စက်သုံးဆီဆိုင်များ မီးဘေးလုံခြုံရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးများအသုံးပြုရာ၌ မီးဘေးလုံခြုံရေးအလေးထားဆောင်ရွက်မှု၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးနှင့်မီးသတ်ဆေးဘူးများ စီစဉ်ဆောင်ရွက်ထားရှိမှု၊ ထင်း၊ မီးသွေးများဖြင့် ချက်ပြုတ်ရာတွင် ထမင်းဟင်းများ ချက်ပြုတ်ပြီးပါက စနစ်တကျငြှိမ်းသတ်ထားရှိမှုအခြေအနေများနှင့် ဖယောင်းတိုင်မီးများ၊ အမွှေးတိုင်မီးများနှင့် ခြင်ဆေးခွေများစနစ်တကျအသုံးပြုရန်နှင့် မီးဘေးအန္တရာယ်ကြုံတွေ့ရပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီသတင်း‌ပေးပို့ကြရန်စသည်တို့ကို ဆွေးနွေးမှာကြားပြီး မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်း၊ မီးသတ်ပစ္စည်းကိရိယာဖြစ်သည့် မီးသတ်ဆေးဘူးများဖြင့် စက်သုံးဆီအရောင်းဆိုင် ဝန်ထမ်းများအား ကိုယ်တိုင်လက်တွေ့မီးငြှိမ်းသတ်ခြင်းသခြင်းများသရုပ်ပြ ပြုလုပ်ပေးခဲ့ပြီး မီးဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)