အမြို့မြို့အနယ်နယ်သတင်းများ

Jan 03,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနယ်မြို့နယ်၊ ကျိုင်းတောင်းမြို့ ကြယ်စင်ဖြူမူကြိုကျောင်း၌ ယနေ့နံနက် ၈ နာရီအချိန်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် မူလတန်းကြို ကလေးသူငယ်များ အားကစားပြိုင်ပွဲအား ကြယ်စင်ဖြူမူကြိုးကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်ခင်န္ဒာလှိုင် ကြီးမှုးဦးဆောင်၍ ပြုလုပ်ကျင်းပပေးခဲ့ကြောင်း သိရပါသည်။
Jan 03,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ ဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ခမောက်ကြီးမြို့အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
Jan 03,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ၂၀၂၅ ခုနှစ် ယနေ့ နံနက်(၉)နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
Jan 03,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ကရင်သက္ကရာဇ် (၂၇၆၄) ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့နှင့် နိုင်ငံတကာနှစ်သစ်ကူးနေ့အထိမ်းအမှတ်အဖြစ် ရပ်ကွက်နှင့် ကျေးရွာဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းကို ယမန်နေ့ညနေပိုင်းက အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 03,2025
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Jan 03,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီခွဲက မင်းလှအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
Jan 03,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်(၉)နာရီက မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာ‌ရေးမှူးနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊‌ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။
Jan 03,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပါသည်။