အမြို့မြို့အနယ်နယ်သတင်းများ

Jan 03,2025
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် (၉) နာရီက တံတားဦးမြို့နယ် ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jan 03,2025
ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊    ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနော်လော်မူနှင့်  ဝန်ထမ်းများက သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသူ၊ ကျောင်းသားများထံသို့အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Jan 03,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့် အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဝမ်ဘိုးအုပ်စု၊ ဖကျောက်ခေတ်မီစံပြကျေးရွာ၌ ကျင်းပခဲ့သည်။
Jan 03,2025
ကရင်ပြည်နယ်၊ ဘားအံမြို့၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများတွင် အသိပညာပေး ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
Jan 03,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင် လဲချားမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၉) နာရီအချိန်က ကျင်းပခဲ့​ပါသည်။
Jan 03,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ အားကစားပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
Jan 03,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ညနေပိုင်း ကာလိမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် အခမဲ့ဖြန့်ဝေခဲ့သည်။