သရက် ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း စုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ရာပြည်းခန်းမကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် G(11)မှ ကျောင်းသား/ကျောင်းသူများက ကြိုဆိုပါတယ် စုံညီပွဲတော်သီးချင်းဖြင့် သီးဆိုဖွင့်လှစ်ပေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးလှမြင့် က အဖွင့်အမှာစကားပြောကြားပေးပြီး သရက်ခရိုင် တာဝန်ခံပညာရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မေကျော်နှင့် မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ဦးတို့က ပညာရေးလမ်းညွှန်အမှာ စကားပြောကြားပေးခဲ့သသည်။ ထို့နောက် ကျောင်းအကျိုးဆောင် ဦးဇော်ညွန့်ဦးက ကျောင်းစုံညီပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ကြားပေးခဲ့သည်။
ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးအောင်က ကျေးဇူးတင်စကားပြောကြားပေးခဲ့ပြီး G-6 ကျောင်းသား/ကျောင်းသူများက စည်းလုံးခြင်းအတွက် သီချင်းဖြင့် သီဆို ဖျော်ဖြေပေးခဲ့ပြီး ဆုရ ကျောင်းသား/ကျောင်းသူများအား ခရိုင်တာဝန်ခံ ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူ အသီးသီးက ဆုများ ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများမှ သီချင်းများဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)