သံတောင်ကြီး ဇန်နဝါရီ ၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနော်လော်မူနှင့် ဝန်ထမ်းများက သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသူ၊ ကျောင်းသားများထံသို့အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၄-၁-၂၀၂၄ ရက်နေ့(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကောက်နုတ်ချက်၊ ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ ရွေတိဂုံစေတီအလယ် ပစ္စယံ၌ကျင်းပသော ဖဆပလညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့်မိန့်ခွန်းကောက်နုတ်ချက်၊ ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အမျိုးသားရေး ဦးတည်ချက် (၅)ရပ်၊ လွတ်လပ်ရေးကိုကာကွယ်ရမယ်၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်များ၊ မွှေးမြပွင့်လန်း လွတ်လပ်ရေးပန်းကဗျာ၊ ကာတွန်းစသည့်အကြောင်းအရာများပါဝင်ကြောင်း သိရသည်။
နော်နော်မူ