အမြို့မြို့အနယ်နယ်သတင်းများ

Jan 04,2025
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်ခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး လွတ်လပ်ရေးကျောက်တိုင်၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊  လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
Jan 04,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့နိုင်ငံတော် အလံတင်အခမ်းအနား၊ နိုင်ငံတော်အလံအားအလေးပြုခြင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် လွတ်လပ်ရေးနေ့သ၀ဏ်လွှာဖတ်ကြားသည့်အခမ်းအနားကို ဇန်နဝါရီလ(၄)ရက်နေ့၊ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ရှိ လွတ်လပ်ရေးကျောက်တိုင်၌ ကျင်းပသည်။
Jan 04,2025
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အ.ထ.က(မိုင်းဖြတ်)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု​ပေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၃ ရက် နံနက် ၉ နာရီက ​ကျောင်းဝန်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Jan 04,2025
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင် မြို့မရပ်ကွက်ရှိ ဘောလုံးကွင်း၌ ကျင်းပပြု လုပ်ခဲ့ကြသည်။
Jan 04,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ မြို့နယ်ပညာ‌ရေးမှူးရုံးမှ ကြီးမှူးကျင်းပ‌သည့် မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်း အနားကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (ရတနာခန်းမ)၌ ကျင်းပရာ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ အခြေခံပညာ‌ကျောင်းများမှ ကျောင်းအုပ် ဆရာကြီး၊ဆရာမကြီးများ၊  ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
Jan 04,2025
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကို ယနေ့နံနက်(၇)နာရီက မကွေးခရိုင်၊ အားကစားကွင်းတွင်ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကာ အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ  နိုင်ငံတော်အလံအား အလေးပြုကြပြီး ဂုဏ်ပြုတပ်ဖွဲ့မှ ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုကာ သစ္စာအဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုကြသည်။
Jan 04,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ အ.ထ.က(ခွဲ) မြို့ဦးကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
Jan 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင်၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် အလေးပြုခြင်းကို ဇန်နဝါရီလ ၄ ရက် နံနက် ၄ နာရီ  ၂၀ မိနစ်အချိန်တွင် လမ်းမတော်မြောက်ရပ်ကွက် အဒါးလမ်းရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ နယ်မြေခံရဲတပ်ဖွဲ့၏ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဒုရဲအုပ်သိန်းသန်းဌေးက နိုင်ငံတော်အလံကို လွှင့်တင်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားသို့  တက်ရောက်အလေးပြုခဲ့ကြသည်။