အမြို့မြို့အနယ်နယ်သတင်းများ

Jan 04,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ယနေ့နံနက် (၀၈:၃၀)အချိန်တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ​ ဆင်ဖြူရှင်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်း အနား၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘက်စုံထူးချွန်ဆု ချီးမြှင့်ခြင်းနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသူရိန်ဇော်၊ အဖွဲ့ဝင်(၂) ဦးညွန့်ဝေ၊ အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးကျော်မင်းဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းနုနုကြည်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မိဘဆရာအသင်းမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသူ/ကျောင်းသားများ စုစုပေါင်းအင်အား(၃၅၀)ဦးခန့် တက်ရောက်ခဲ့သည်။
Jan 04,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိရာ ယမန်နေ့တွင် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ထုပ်ဆီးတိုးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြသည်။
Jan 04,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ပြည်ထောင်စုအားကစားကွင်း၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းပေါင်းစုံ အသက်(၁၅)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
Jan 04,2025
စစ်ကိုင်းမြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံအလေးပြုခြင်းကို ယနေ့ နံနက်(၄)နာရီ၊ (၂၀)မိနစ်က ဗိုလ်ချုပ်ကြေးရုပ်အနီး ရွှေမင်းဝံပန်းခြံအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ကျင်းပပြုလုပ်သည်။
Jan 04,2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အမျိုးသား/အမျိုးသမီးအလွတ်တန်းစက်ဘီးပြိုင်ပွဲကို ယနေ့ နံနက် ၆ နာရီက သတ်မှတ်‌နေရာများမှ အသီးသီးတာ လွှတ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာ‌ကော်မတီနာယကတိုင်း‌ဒေသကြီး ၀န်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး၀န်ကြီးများ၊ ဌာနဆိုင်ရာမှ တာ၀န်ရှိသူများ၊ အားကစားသမားများ၊ ပြည်သူများ ကြည့်ရှုအားပေးကြသည်။
Jan 04,2025
ပြည်ထောင်စုနယ်မြေ၊    နေပြည်တော်တပ်ကုန်းမြို့နယ်၊  ညောင်ကိုင်းကျေးရွာအုပ်စုတွင်  ရာဂီမုန်တိုင်းအရှိန်ကြောင့် ပျက်စီးခဲ့သည့်နွားများအတွက် နိုင်ငံတော်မှ အစားထိုးပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာအုပ်စုတွင် ကျင်းပခဲ့သည်။
Jan 04,2025
၂၀၂၅-ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသား/သမီး မီနီမာရသွန် ပြိုင်ပွဲနှင့် စက်ဘီးပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ အရှေ့ကန်သာယာရှိ ပြည်ထောင်စုရင်ပြင်တွင်ကျင်းပရာ ပြိုင်ပွဲယှဉ်ပြိုင်ရာသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အရာထမ်း၊အမှုထမ်းများ၊ မြို့နေပြည်သူများ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။
Jan 04,2025
မွန်ပြည်နယ်အစိုးရအဖွဲ၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို ပူးပေါင်းပြီး အများပြည်သူများအတွက် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်တွင် ကိုယ်တိုင်စိုက်ပျိုး၊မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်များမှ ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသော ဈေးနှုန်များဖြင့် ရောင်းချပေးနေခဲ့မှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။