အမြို့မြို့အနယ်နယ်သတင်းများ

Jan 04,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေတို့ဖြင့် ပူးပေါင်းဆောင်ရွက်သော မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာအုပ်စု၊ ထိန်စွန်းကျေးရွာတွင်း လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Jan 04,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုး တက်ရေးစီမံကိန်း(VDP) ခွင့်ပြုရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာဘက်စုံသုံးခန်းမဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀) နာရီအချိန်က ကျောက်တန်းကျေးရွာအုပ်စု၊ နမ့်ဟူးကျေးရွာတွင် ပြုလုပ်ခဲ့ကြသည်။
Jan 04,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်သော မှော်ဘီမြို့နယ် မြောက်ချောကုန်း-ရွှေစီးယင်း ကျေးရွာချင်းဆက်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Jan 04,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားနှင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
Jan 04,2025
အခြေခံပညာဦးစီးဌာနရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ၂ဝ၂၅ ခုနှစ်၊ ပညာရေးစုံညီပွဲတော်ကို အ.ထ.က(၁) စွမ်းအားခန်းမတွင် ယနေ့ နံနက် (၈)နာရီက ကျင်းပပြုလုပ်သည်။
Jan 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့်  စံပြမိခင်နှင့်ကလေးပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဟင်္သာတမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျင်းပခဲ့သည်။
Jan 04,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့်  စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက နောင်ကားကျေးရွာအုပ်စု၊ ဖောင်မှူးကျေးရွာ၌ ကျင်းပသည်။
Jan 04,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်ပညာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၃)နှစ် အောက်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က မှော်ဘီမြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။