မိုင်းယုမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

မိုင်းယု ဇန်နဝါရီ ၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင် မြို့မရပ်ကွက်ရှိ ဘောလုံးကွင်း၌ ကျင်းပပြု လုပ်ခဲ့ကြသည်။

အဆိုပါ  ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် လူငယ်အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဖူဆယ်ဘောလုံးပွဲ၊ သံပုံးရိုက်နှင့် မီတာတိုအပြေးများပါဝင်ကာ ကျင်းပပြုလုပ်ပေးခဲ့ကြပြီး ဆုရရှိသူတို့ကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်