Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ချောက်မြို့နယ်တွင် ကားကြီးကွင်းတည်ဆောက်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကိစ္စချပြရှင်းလင်းဆောင်ရွက်
Oct 03,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်တွင် အကောင်အထည်ဆောင်ရွက်မည့် ကားကြီးကွင်းတည်ဆောက်ခြင်းလုပ်ငန်း၊ ဆောက်လုပ်မည့် ဒီဇိုင်းတို့နှင့်ပတ်သက်၍ ချပြရှင်းလင်းခြင်းအခမ်းအနားကို ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်ကကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇမ္ဗူသီရိမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း စတင်ကောက်ယူ
Oct 03,2024
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရေးလုပ်ငန်းကို အောက်တိုဘာလ ၁ ရက်နေ့ နံနက်မှစ၍ စတင်ဆောင်ရွက်ရာ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက ကွင်းဆင်းကောက်ယူ ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့နယ် ၂၀၂၄ ခုနှစ် (၁၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားကျင်းပ
Oct 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ပါဒကြီးစံပြကျေးရွာရှိ ကျောက်တန်းဘိုးဘွားရိပ်သာတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ၂၀၂၄ ခုနှစ်အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အခမ်းအနားနှင့် နိဗ္ဗာန်ဈေးပွဲတော်ကြီးကို အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲ(၁)နာရီက ကျောက်တန်းမြို့၊ ပါဒကြီးစံပြကျေးရွာ ကျောက်တန်းဘိုးဘွားရိပ်သာတွင် ကျင်းပခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အင်္ဂပူမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်
Oct 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက အောက်တိုဘာလ (၁)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများထံ ကွင်းဆင်းကောက်ယူလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်အလှူရှင်များက ထောက်ပံ့လှူဒါန်းသည့် အခြေခံ စားသောက်ကုန်ပစ္စည်းများနှင့် အဝတ်အထည်များကို တိုင်းဒေသကြီးအတ…
Oct 03,2024
ရာဂီမုန်တိုင်းနှင့်ဆက်စပ်၍ တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်စီးမှုများပြားသည့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ရေဘေးသင့်သူများအား အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် အခြေခံစားသောက်ကုန်များ၊ ကယ်ဆယ်ရေးပစ္စည်းများ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်အလှူရှင်များက ထောက်ပံ့လှူဒါန်းသည့် အခြေခံစားသောက်ကုန်များနှင့် အဝတ်အထည်များကို မန္တလေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တံတားဦးခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်ရှိ မြို့နယ်များသို့သွားရောက်ပြီး ရေဘေးသင့်သူများနှင့် တွေ့ဆုံအားပေးစကားများပြောကြား၍ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများအထိမ်းအမှတ်နေ့အဖြစ် ကုန်းမြင့်သာယာဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ…
Oct 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ သဲဖြူကျေးရွာအုပ်စု၊ ကုန်းမြင့်သာယာဘိုးဘွားရိပ်သာ၌ အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှထောက်ပံ့သည့် ကျပ်ဆယ်သိန်းခြောက်သောင်းတိတိကို တာဝန်ရှိသူများက သွားရောက်လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ဒုတိယနေ့ ဆက်လက်ကောက်ယူ
Oct 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း (ဒုတိယ)နေ့ စာရင်းကောက်ယူခြင်းကို ယမန်နေ့နံနက် ၇ နာရီမှစ၍ ဆိပ်ကြီးခနောင်တိုမြို့နယ် ဆိပ်ကြီးအရှေ့ရပ်ကွက်တွင်စာရင်းကောက်အဖွဲ့များမှ Mobile Tablet များအသုံးပြု၍ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး တောင်သူ စိုက်ပျိုးနည်းပညာပေးသင်တန်း ဖွင့်လှစ်သင်ကြား
Oct 03,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသခံတောင်သူများသီးနှံများ စိုက်ပျိုးရာတွင် မျိုး၊ မြေ၊ ရေ စိုက်ပျိုးနည်းစနစ်တို့ကိုအခြေခံ၍ ဒေသတွင်း သီးနှံမျိုးစုံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိရေးအတွက် တောင်သူစိုက်ပျိုးနည်း ပညာပေးသင်တန်းကို ယမန်နေ့ နေ့လယ်ပိုင်းက ဥယျာဉ်ဇင်ကျေးရွာအုပ်စု၊ သိမ်ကုန်းနည်းပညာပြန့်ပွားရေးစင်တာဝင်းအတွင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3953
Page
3954
Page
3955
Page
3956
Current page
3957
Page
3958
Page
3959
Page
3960
Page
3961
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department