အမြို့မြို့အနယ်နယ်သတင်းများ

Oct 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်၌ ၂၀၂၄-ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့ နံနက် (၇)နာရီအချိန်မှစတင်ကာ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့များဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက် (၂၀)တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။
Oct 03,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို ယမန်နေ့နံနက် (၉)နာရီခွဲက မင်းလှမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 03,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု‌အားပေးခဲ့သည်။
Oct 03,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ ခရိုင်ကုသရေးဦးစီးဌာနမှကြီးမှူး၍ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့စစ်ဆေးပေးခြင်းဆေးကုသပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားဝန်ထမ်းများအား အခမဲ့စစ်ဆေးပေးလျက်ရှိပြီး ယမန်နေ့ နံနက်(၉)နာရီက ခရိုင် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။
Oct 03,2024
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင်  ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာ (၁) ရက်နေ့ နံနက်ပိုင်းမှစတင်၍ အမှတ် (၁၊ ၂ ၊၃) ရပ်ကွက်တို့တွင် စာရင်းကောက်အဖွဲ့ (၂) ဖွဲ့ဖြင့် ကောက်ယူရာ အိမ်ထောင်စု (၃၈၈) စု ကောက်ယူပြီးစီးကြောင်း သိရသည်။
Oct 03,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သရက်မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေ ကျပ်(၂၆၀)သန်းဖြင့်ဆောင်ရွက်သည့် ပြရေ-ပုထိုးလမ်းပေါ်တွင် Box Culvert ပါသော ရေကျော်(၂၆၀)ပေ တည်ဆောက်ခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Oct 03,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာလ ၁ ရက်နေ့မှစတင်ပြီး မြေပြင်ကွင်းဆင်းကောက်ယူလျက်ရှိရာ အဆိုပါစာရင်းကောက်ယူနေမှုများကို မင်းဘူးခရိုင်နှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အောက်တိုဘာလ ၂ နေ့၊ မွန်းလွဲပိုင်းက သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။