မင်းတုန်း အောက်တိုဘာ ၂
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာ (၁) ရက်နေ့ နံနက်ပိုင်းမှစတင်၍ အမှတ် (၁၊ ၂ ၊၃) ရပ်ကွက်တို့တွင် စာရင်းကောက်အဖွဲ့ (၂) ဖွဲ့ဖြင့် ကောက်ယူရာ အိမ်ထောင်စု (၃၈၈) စု ကောက်ယူပြီးစီးကြောင်း သိရသည်။
ထိုသို့ သန်းခေါင်စာရင်း ကောက်ယူရာတွင် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ ညသန်းခေါင်ယံအချိန်ကို သန်းခေါင်စာရင်း ရည်ညွှန်းချိန်သတ်မှတ်၍ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ကွက် (၆၇) ကွက်တွင် ကောက်ယူသွားမည်ဖြစ်ပြီး လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းမှ ပြည်သူတစ်ဦးချင်းဖြေကြားသော ကိုယ်ရေးကိုယ်တာ၊ မိသားစုများ၏ အချက်အလက်များနှင့် ပိုင်ဆိုင်မှုနှင့် ဆိုင်သော ကိစ္စရပ်များကို သန်းခေါင်စာရင်းဆိုင်ရာကိစ္စမှတစ်ပါး အခြားမည်သည့်ကိစ္စအတွက်မှ အသုံးပြုခြင်း သို့မဟုတ် စစ်ဆေးခြင်းမပြုရန် ၂၀၁၃ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းဥပဒေအရ အကာအကွယ်ပေးထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)