သရက် အောက်တိုဘာ ၃
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သရက်မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေ ကျပ်(၂၆၀)သန်းဖြင့်ဆောင်ရွက်သည့် ပြရေ-ပုထိုးလမ်းပေါ်တွင် Box Culvert ပါသော ရေကျော်(၂၆၀)ပေ တည်ဆောက်ခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ(၁)မြို့ပြ ဒေါ်မေမီမီမင်းမြတ်နှင့် ရုံးချုပ်(QC)အဖွဲ့တို့မှ လုပ်ငန်းဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်းအရည်အသွေးပြည့်မီစွာ ဆောင်ရွက်ပြီးစီးနိုင်ရေးပြောကြားကာ လိုအပ်သည်များမှာကြားပေးခဲ့သည်။
အဆိုပါ ရေကျော်(၂၆၀)ပေ တည်ဆောက်ခြင်းလုပ်ငန်းအားလုံး၏(၈၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်၍ လုပ်ငန်းများရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက သရက်မြို့နယ်နှင့် ကံမမြို့နယ်တို့အား အချိန်တိုအတွင်း ဆက်သွယ်သွားလာနိုင်ပြီဖြစ်ပြီး ကျေးရွာ(၂)ရွာရှိ အိမ်ခြေ(၇၃၄)အိမ်၊ လူဦးရေ(၃၀၅၉)ဦးတို့၏ ပညာရေး၊ ကျန်းမာရေးလူမှုရေး၊ စီးပွားရေးများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ဇော်ထက်(သရက်)