သံတောင်ကြီးမြို့နယ်တွင် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

သံတောင်ကြီး အောက်တိုဘာ ၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဌာနဆိုင်ရာများ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဆန်းဗိုလ်က လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများတွင် ဌာနဆိုင်ရာများအနေဖြင့် မိမိတာဝန်ကျသည့်ကောက်ကွက်များတွင် စနစ်တကျဆောင်ရွက်ကြရန်၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြည်သူများသိရှိစေရေး ဆောင်ရွက်ရန်နှင့်ဖြစ်ပေါ်လာပါကအချိန်နှင့် တစ်ပြေးညီတင်ပြကြရန်၊ ပေါင်းစပ်ဆောင်ရွက်ကြရန်၊ ရုံးတွင်းရုံးပြင်သန့်ရှင်းရေးများဆောင်ရွက်ကြရန်၊ မြို့တွင်းသန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်း‌ရေးများဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများအနေဖြင့် စည်းလုံးညီညွတ်စွာပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ ယခုအချိန်တွင် လျှပ်စစ်မီးမရရှိသေးသည့်အတွက် ဒေသခံပြည်သူများရေလိုအပ်မှုရှိပါက စည်ပင်မှရေကားဖြင့် ကူညီဆောင်ရွက်ပေးရန်စသည့် အကြောင်းအရာများအားဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်နေမှုများ၊ ဆောင်ရွက်မည့်အစီအစဉ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

နော်နော်မူ