အမြို့မြို့အနယ်နယ်သတင်းများ

Oct 18,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် စက်စဲကမ်း​ခြေ၌ ယနေ့နံနက်ပိုင်းမှစတင်၍ အပန်းဖြေရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
Oct 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ ချောင်းကမ်းခြေ၌ သီတင်းကျွတ်ရုံးပိတ်ရက်ကာလတွင် ခရီးသွားဧည့်သည်ဝင်ရောက်မှု များပြားလျက်ရှိရာ ယမန်နေ့က ချောင်းသာကမ်းခြေတစ်လျှောက်တွင် အပန်းဖြေသူ၊ ရေကူးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Oct 18,2024
မန္တလေးတိုင်ဒေသကြီး၊ မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား သီတင်းကျွတ်လပြည့်နေ့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Oct 18,2024
ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ယမန်နေ့ ညပိုင်း၊ သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဆီမီး (၁၀၀၀၀) ဆက်ကပ်လှူဒါန်းပူဇော်ပွဲအား ပြည်သူများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
Oct 18,2024
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူး၍ မြတ်ဗုဒ္ဓ၏ မမေ့အပ်ရာနေ့ထူးနေ့မြတ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဝါလကင်းလွတ်သီတင်းကျွတ်အခါသမယတွင် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) ယမန်နေ့ နံနက် ၅ နာရီအချိန်တွင် ရင်ပြင်တော်တောင်ဘက်ဧည့်ခံတန်ဆောင်း၌ အရုဏ်ဆွမ်းတော်ကြီးကပ်လှူပွဲအခမ်းအနားကိုကျင်းပရာ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့်ဝန်ထမ်းများက ရွှေတိဂုံစေတီတော်မြတ်ကြီးအားဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်များ ကပ်လှူပူဇော်ခဲ့ကြသည်။