Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပုသိမ်မြို့၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ကျင်းပသည့် ဝါတွင်းကာလ ဥပုသ်သီလဆောက်တည်ခြင်း၊ သင်္ကန်း၊ ဆွမ်းဆန်တော်နှင့်ဆီ ဆက်ကပ်လှူဒါန်းပွဲအ…
Oct 18,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ကျင်းပသည့် ဝါတွင်းကာလဥပုသ်သီလဆောက်တည်ခြင်း၊ သင်္ကန်း၊ ဆွမ်းဆန်တော်နှင့်ဆီ ဆက်ကပ်လှူဒါန်းပွဲအောင်ပွဲ မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင် မွန်ပြည်နယ်အတွင်း မြို့နယ်များရှိ တန်ခိုးကြီးဘုရားစေတီများ၌ ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာ ပြည်သူများ…
Oct 18,2024
၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အောက်တိုဘာလ ၁၇ ရက်နေ့တွင် မွန်ပြည်နယ်အတွင်း မြို့နယ်များရှိ တန်ခိုးကြီးဘုရားစေတီများ၌ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားများ ကျင်းပလျက်ရှိပြီး ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာ ပြည်သူများနှင့် စည်ကားများပြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်၊ ဝါသီးနှံသုတေသနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (လွန်ကျော်)၌ ဝါသီးနှံအထွက်နှုန်း၊ အရည်အသွေးတိုးတက်မြှင့်မားရေး၊ ပိုးမွှားရောဂါကာကွယ်နှိမ…
Oct 18,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ဝါသီးနှံသုတေသနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (လွန်ကျော်)၌ ယမန်နေ့နံနက်ပိုင်းက ဝါသီးနှံအထွက်နှုန်း၊ အရည်အသွေးတိုးတက်မြင့်မားရေး၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းမှုနှင့် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့အဆင့်ဆင့် စိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်း ဖွင့်လှစ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းသား/ သင်တန်းသူ (၃၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းတွင် ထူးချွန်သူများအား ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့ရှိ မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီး သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ဆီမီးထွန်းညှိပူဇော်ပွဲ ကျင်းပ
Oct 18,2024
ပြင်ဦးလွင်မြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီး (ပြည်ချစ်ဘုရား) သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ဆီမီးထွန်းညှိပူဇော်ပွဲကို ယမန်နေ့ညနေ ၆ နာရီခွဲက ဘုရားကြီး၏ ရင်ပြင်တော်၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
သု၀ဏ္ဏ၀တီမြို့၌ (၇၆) ကြိမ်မြောက် သံဃာ့ပဝါရဏာပြုပွဲနှင့် အဘိဓမ္မာအခါတော်နေ့ အခမ်းအနား ကျင်းပပြုလုပ်
Oct 18,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့အတွင်းရှိ ကျောင်းတိုက်အသီးသီးတို့မှ ဂိုဏ်းပေါင်းစုံ သံဃာတော်များ ပဝါရဏာပြုပွဲနှင့် သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ယမန်နေ့နံနက်က ကျိုက္ကော်ရပ်ကွက်၊ ရွှေဘုံသာစေတီကုန်းတော်ပေါ်ရှိ ဓမ္မဝေပုလ္လသိမ်တော်နှင့် ဓမ္မောဒယ သာသနာ့ဗိမာန်တော်တို့၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ တန်ခိုးကြီးဘုရားစေတီများ၌ ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာ ပ…
Oct 18,2024
၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အောက်တိုဘာလ ၁၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ တန်ခိုးကြီးဘုရားစေတီများ၌ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားများ ကျင်းပလျက်ရှိပြီး ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာ ပြည်သူများနှင့် စည်ကားများပြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ ပြည်လုံးချမ်းသာဘုရားကြီးနှင့် ဧးစေတီများအား ဖူးမြော်အလှူငွေများ လှူဒါန်း၊ သီတင်းကျွတ်လပြည့်နေ့ (အဘ…
Oct 18,2024
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်တို့သည် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးနှင့် ကပ်ကျော်ရန်ပြေမာန်ပြေဧးစေတီများအား ဖူးမြော်ကြည်ညိုကာ အလှူငွေများလှူဒါန်းပြီး ညနေပိုင်းတွင် လောကာနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင်၌ ကျင်းပသော သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) သီတင်းကျွတ်မီးထွန်းပွဲတော်သို့ တက်ရောက်ပြီး ဆီမီးများ ထွန်းညှိပူဇော်ကြသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးဝန်ကြီးချုပ် MAI အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း ရန်ကုန်-ပုသိမ်-မန္တလေး-ဟုမ္မလင်း-မန္တလေး-ရန်ကုန် လေယာဉ်ခရီးစဉ်မှ ခရီးသည်များအား…
Oct 18,2024
MAIအပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း၊ ရန်ကုန်-ပုသိမ်-မန္တလေး-ဟုမ္မလင်း-မန္တလေး- ရန်ကုန်လေယာဉ်ခရီးစဉ်မှ ခရီးသည်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ပုသိမ်လေဆိပ်သို့သွားရောက်၍ ရင်းနှီးနွေးထွေးစွာကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3863
Page
3864
Page
3865
Page
3866
Current page
3867
Page
3868
Page
3869
Page
3870
Page
3871
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department