Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၆/၂၀၂၄) သင်တန်း ဖွင့်လှစ်
Oct 22,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၆/၂၀၂၄) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက အမှတ်(၁၁) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းတွင်ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှုး ဗိုလ်မှူးကြီးကျော်နိုင်စိုးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် အလွတ်တန်းဖိတ်ခေါ်စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်အားပေး
Oct 21,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ရှမ်းပြည်နယ်စားပွဲတင်တင်းနစ်ဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် အလွတ်တန်းဖိတ်ခေါ်စားပွဲတင်တင်းနစ်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက ရှမ်းပြည်နယ်လေ့ကျင့်ရေးအားကစားရုံတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်၌ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ဒုတိယအဆင့်၊ ဌာနဆိုင်ဝန်ထမ်းများ စာရင်းစစ်/ စာရင်းကောက်သင်တန်းဖွင့်ပွဲအခ…
Oct 21,2024
"ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့"ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ဒုတိယအဆင့်၊ ဌာနဆိုင်ဝန်ထမ်းများ စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁နာရီအချိန်က သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်းကျောင်း(ပညာရတနာခန်းမ)၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန် ပြိုကျပျက်စီး
Oct 21,2024
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ စစ်ချောင်းကျေးရွာအုပ်စု၊ စက်ကြီးပိုင်းကျေးရွာနှင့် ကျွန်းထိပ်ကုက္ကိုတန်းကျေးရွာများတွင် ယမန်နေ့(၅)နာရီခန့်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၄)လုံးပြိုကျပျက်စီးခဲ့ပြီး နေအိမ်(၈)လုံး အမိုးလန်ပျက်စီးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးမြို့ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၆/၂၀၂၄) ဖွင့်ပွဲနှင့် ကျီကုန်းကျေးရွာ “ဘဝအလင်းတန်း” စာကြည…
Oct 21,2024
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ကလေးတပ်နယ်မှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ကလေးခရိုင်၊ ကလေးမြို့၊ အမှတ် (၁၀) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် ကျင်းပပြုလုပ်သော ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၆/၂၀၂၄) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်၊ တိုးကျေးရွာအုပ်စု၊ ဆားကျင်းကျေးရွာတွင် လေပြင်းတိုက်ခတ်ခြင်းနှင့် ဒီရေမြင့်တက်မှုကြောင့် နေအိမ်အချို့ ပြိုလဲပျက်စီး
Oct 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ တိုးကျေးရွာအုပ်စုရှိ၊ ဆားကျင်းကျေးရွာတွင် ယနေ့နံနက်(၇)နာရီကျော်ခန့်က လေပြင်းတိုက်ခတ်ခြင်းနှင့် ဒီရေမြင့်တက်မှုကြောင့် နေအိမ် (၃)လုံး ရေစီးဖြင့် မျောပါပျက်စီးပြီး နေအိမ်တစ်လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ရက်လွန်စားသောက်ကုန်များနှင့် ဆေးဝါးများအား ရှောင်တခင်စစ်ဆေး
Oct 21,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ယနေ့နံနက် (၁၁) နာရီအချိန်က မြို့ပေါ်ရပ်ကွက်ရှိ ဈေးအရောင်းဆိုင်များအား မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်၌ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနေမှုအား ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအား…
Oct 21,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း စတင်ကောက်ယူနေမှုအား ယနေ့နံနက်ပိုင်းက သထုံခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ အမှတ် (၄) လေကြောင်းရန်ကာကွယ်ရေးနှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးကြီးထွန်းလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တို့မှ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3859
Page
3860
Page
3861
Page
3862
Current page
3863
Page
3864
Page
3865
Page
3866
Page
3867
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department