Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တွံတေးမြို့နယ်၌ ကျန်းမာရေးစစ်တမ်းကောက်ယူခြင်း ဆောင်ရွက်
Oct 22,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အုန်းပင်စုရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ၏ ဖြစ်နေသောရောဂါများ၊ ကျန်းမာရေးစောင့်ရှောက်မှုအသုံးပြုပုံနှင့် ၎င်းးတို့၏မိသားစုအထောက်အပံ့များလေ့လာသည့် သုတေသနကျန်းမာရေးစစ်တမ်းကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့နယ်၊ နန်းသဲကျေးရွာ အမှတ်(၈)အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Oct 22,2024
ကျောင်းသား/ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုး တိုးတက်ရေးအတွက်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၁နာရီက နန်းသဲကျေးရွာရှိ အမှတ်(၈)အခြေခံပညာမူလတန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၆/၂၀၂၄) ဖွင့်ပွဲအခမ်းအနား တက်ရောက်
Oct 22,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၆/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ အမှတ်(၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (မိုးစွေ) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ အမှတ်(၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (မိုးစွေ) ကျောင်းအုပ်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သင်တန်းသားများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ရှမ်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၄)တက်ရောက်ပြီး ပြန်လည်တည်ဆောက်ရေး လ…
Oct 22,2024
ရှမ်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၅/၂၀၂၄)ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ပြုလုပ်ရာ ရှမ်းပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တက်ရောက်၍ လိုအပ်သည်များ မှာကြားဆွေးနွေးသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး နေပြည်တော် သောက်သုံးရေပြတ်လပ်မှု မရှိစေရေး ချောင်းမငယ်ဆည်ရေကို ဆင်အုံကန်မှတစ်ဆင့် တိုးချဲ့ရေပေ…
Oct 22,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက ချောင်းမငယ်ဆည်ရေကို ဆင်အုံကန်မှတစ်ဆင့် တိုးချဲ့ရေပေးဝေရေးစီမံကိန်း ဆောင်ရွက်မည့်အခြေအနေအား သွားရောက်စစ်ဆေးရာ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)၊ ဌာနမှူးက ချောင်းမငယ်ဆည်ရေကို ဆင်အုံကန်မှတစ်ဆင့်ရယူသုံးစွဲရာ၌ ဆင်အုံကန်တွင် ပွန်တွန်းများထားရှိပြီး ရေတွန်းပန့်များ တပ်ဆင်ကာ ဓနသိဒ္ဓိရေပေးရေးဝန်းသို့ ပို့ဆောင်သန့်စင်ပြီး တစ်ရက်လျှင် ရေဂါလံ ခြောက်သန်း တိုးချဲ့ပေးဝေနိုင်မည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။
အပြည့်အစုံ ဖတ်ရန်
မိုးသည်းထန်စွာရွာသွန်းပြီးလေတိုက်ခတ်မှုကြောင့် ရေကြီးနစ်မြှုပ်ပျက်စီးသည့် နေအိမ်များအား ဘေးလွတ်ရာသို့ ပြောင်းရွေ့ပေး
Oct 22,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်တွင် ယမန်နေ့ နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ ရေကြီးနစ်မြှုပ်ခြင်း၊ အမိုးလှန်ခြင်း၊ နေအိမ်ပြိုကျပျက်စီးခြင်းများဖြစ်ပေါ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ဧက ၂၉၀၀၀ ကျော် လျာထားစိုက်ပျိုးမည်
Oct 22,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ဧက ၂၉၀၀၀ ကျော် လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၆/၂၀၂၄) သင်တန်း ဖွင့်လှစ်
Oct 22,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၆/၂၀၂၄) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက အမှတ်(၁၁) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းတွင်ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှုး ဗိုလ်မှူးကြီးကျော်နိုင်စိုးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3858
Page
3859
Page
3860
Page
3861
Current page
3862
Page
3863
Page
3864
Page
3865
Page
3866
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department