အမြို့မြို့အနယ်နယ်သတင်းများ

Oct 26,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှ စတင်၍ သီးထပ်စွမ်းအား (၂၀၀)ရာခိုင်နှုန်းနှင့် ဆီဖူလုံမှု (၁၀၀) ရာခိုင်နှုန်းကျော် တိုးတက်မြှင့်မားစေရေး (၅)နှစ် စီမံကိန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယမန်နေ့မွန်းလွဲ (၁)နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
Oct 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား စာဖတ်သည့်အလေ့အထကောင်းများ ရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို အ.ထ.က(၁)မြတ်ပညာခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Oct 26,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်းလေးအိမ်စု(၁) ကျောင်း၌ ကျင်းပခဲ့သည်။
Oct 26,2024
လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရွှေစာဝိုင်းကိုယ်ပိုင်အထက်တန်းကျောင်းခန်းမတွင်ကျင်းပရာ ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းလင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
Oct 26,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးစစ်ဆေးမှု လုပ်ငန်းများ ဆောင်ရွက်နေကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ရွှေမင်းဝံရိပ်သာ ဧည့်ခန်းမတွင် ကျင်းပရာ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ စစ်ကိုင်းတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှူးများ၊ ဌာနဆိုင်ရာများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။    
Oct 26,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကြက်သွန်ခင်းကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေဖြင့်တည်ဆောက်မည့် စာကြည့်တိုက်အဆောက်အဦသစ်ပန္နက်တင်မင်္ဂလာကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာစာကြည့်တိုက်ဆောက်လုပ်မည့်မြေနေရာတွင် ကျင်းပသည်။
Oct 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်နှင့်ပြည့်ဝသည့် ကျောင်းသား၊ ကျောင်းသူများပေါ်ထွန်းစေရန်ရည်ရွယ်၍ ဉာဏ်ရည်မြင့်ပြိုင်ပွဲများကို ယမန်နေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။