Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မအူပင်မြို့ အ.ထ.က(၂)ကျောင်း၌ အသိပညာပေးနံရံကပ်စာစောင်များ နယ်လှည့်ကွင်းဆင်းပြသ
Oct 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်တိုက်ဖျက်ရေး အသိပညာပေးနှင့် မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာ အသိပညာပေးနံရံကပ် စာစောင်များပြသခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီး ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနား ပြုလုပ်
Oct 26,2024
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ရေဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ကျင်းပရာ ကျောင်းသား/သူများက “ဘက်စုံပညာကိုရည် တို့လှမ်းချီ"သီချင်းဖြင့် သီဆိုကာအခမ်းအနားကို စတင်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စာဖတ်ရှိန်မြင့်မားရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ
Oct 26,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ပင်တလည်ကျေးရွာ မူလတန်းလွန်ကျောင်းတွင် ယမန်နေ့မွန်းလွဲ(၁)နာရီက ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန် မြင့်မားရေး အသိပညာပေးဟောပြောပွဲ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထားဝယ်မြို့တွင် စက်ချုပ်သင်တန်းများလုပ်ငန်းထူထောင်မည့်သူ (၅)ဦးစီတို့အား လုပ်ငန်းသုံးပစ္စည်းထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ
Oct 26,2024
တနင်္သာရီတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်သော အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်ဖြင့် ဆောင်ရွက်သော ထားဝယ်မြို့နယ်၊ အလယ်ကုန်းကျေးရွာနှင့် ဇလွန်းကျေးရွာတို့တွင် ဖွင့်လှစ်သည့် စက်ချုပ်သင်တန်းများ လုပ်ငန်းထူထောင်မည့်သူ(၅)ဦးစီတို့အား လုပ်ငန်းသုံးပစ္စည်းထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
အခြေခံပညာမူလတန်းကျောင်း အဒါးတွင် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်
Oct 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာမူလတန်းကျောင်း အဒါးတွင် ယမန်နေ့မွန်းလွဲ ၂ နာရီတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲဝင်များနှင့် ဆုရရှိသူမ…
Oct 26,2024
၂၀၂၄ - ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲဝင်များနှင့် ဆုရရှိသူများအား ကြိုဆိုဂုဏ်ပြုပွဲကို ယမန်နေ့ နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာဝတီခန်းမဆောင်၌ကျင်းပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် ရေဖြူတွင်းကျေးရွာ၌ နဝမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး
Oct 26,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရေဖြူတွင်းကျေးရွာ၌ နဝမအကြိမ်မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့ရှိ စျေးများ၌ မီးဘေးလုံခြုံရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Oct 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် မီးဘေးလုံခြုံရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်း စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အေဝမ်းစျေးအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3836
Page
3837
Page
3838
Page
3839
Current page
3840
Page
3841
Page
3842
Page
3843
Page
3844
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department