အမြို့မြို့အနယ်နယ်သတင်းများ

Oct 26,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ဝါသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး ပံ့ပိုးပစ္စည်းထောက်ပံ့ပေးအပ်ပွဲနှင့် ကွင်းသရုပ်ပြပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရွာခိုင်ကြီးကျေးရွာအုပ်စု၊ ထားဝယ်အင်းကျေးရွာ ကွင်းအမှတ်(၆၄၃)၊ ဦးပိုင်အမှတ်(၂၉) တောင်သူ ဦးလှညွှန့်၏ ဝါစိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 26,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ခ.လ.ရ(၈၈)အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 26,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဆုချီးမြှင့်ပွဲအခမ်းအနားကို ညောင်ဦးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အားကစားခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Oct 26,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူငယ်များစာပေဖတ်ရှုမှုတိုးတက်မြင့်မားလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကို ယမန်နေ့ကကျင်းပခဲ့သည်။
Oct 26,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက အ.ထ.က(မကျက်ကြီး) ကျောင်း၌ကျင်းပခဲ့သည်။
Oct 26,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောက်တိုဘာလ ၁၀ ရက်နေ့မှစတင်၍ စဉ်ဆက်မပြတ်ကောက်ယူလျက်ရှိရာ ယခုအခါကောက်ကွက်အားလုံးရာနှုန်းပြည့် ကောက်ယူပြီးစီးနေပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးထံက သိရသည်။
Oct 26,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်‌၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲထူးချွန်‌စွာအောင်မြင်ခဲ့ကြသူများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပဉ္စမတန်းမှ နဝမတန်းထိ (A)အဆင့်ဖြင့် ထူးချွန်ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါ‌ကျောင်းနှင်းဆီခန်းမတွင် ကျင်းပသည်။
Oct 26,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအတန်းလိုက် အင်္ဂလိပ်စာဘာသာရပ်နှင့် သင်္ချာဘာသာရပ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီ က အ.ထ.က ကျိုက်မရောကျောင်း၌ ကျင်းပသည်။