Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပခုက္ကူမြို့၌ ကျောင်းစာကြည့်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်
Oct 26,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းပြီး ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ထောက်ပံ့ရန်ပုံငွေလွှဲ ပြောင်းပေးအပ်
Oct 26,2024
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဌာနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ထောက်ပံ့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၂ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ဝန်ကြီးချုပ်(၂၅)ကြိမ် မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲတွင် မွန်ပြည်နယ် ကိုယ်စား…
Oct 26,2024
၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲနှင့်မဟာဇနကဇာတ်တော်ကြီးပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်များ၊ အုပ်ချုပ်သူအဖွဲ့သားများအား အောက်တိုဘာလ ၂၄ ရက်နေ့၊ ညနေပိုင်းက သံလွင်တံတား (မော်လမြိုင်) တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ကျောင်းသူ၊ ကျောင်းသား၊ မွန်ပြည်နယ်သူ၊ ပြည်နယ်သားများက အောင်သပြေခက်နှင့် ဂုဏ်ပြုပန်းခြင်းများဖြင့် လှိုက်လှဲ ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခန္တီးခရိုင်အတွင်းရှိ ဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Oct 26,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ခင်စောလင်းနှင့် ခန္တီးခရိုင်/မြို့နယ်/မြို့ရုံးများမှ ဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၂၄ မွန်းလွဲ(၂)နာရီအချိန်က တယ်လီဖုန်းဖြင့်ပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ခင်စောလင်းက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ ကျင်းပပြုလုပ်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းများတွင်ကွင်းဆင်း၍ အသိပညာပေး ဟောပြောပွဲများဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများနှင့်ချိတ်ဆက်ပူးပေါင်း၍ Talk Show များဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းတိုင်း ပြီးပြည့်စုံသည့်ရုံး စာတစ်စောင် ရေးသားတတ်စေရန်၊ သတင်းရေးသားတတ်စေရန်၊ Video Editing တည်းဖြတ်တတ်စေရန် သင်တန်းများဖွင့်လှစ်သင်ကြားပေးရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးသတင်းများ ရေးသားဖော်ပြရန်နှင့် အချိန်နှင့်တစ်ပြေးညီသတင်းပေးပို့နိုင်ရေး အလေးထားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ Community Centre ခန်းမနှင့် ပြည်သူ့စာကြည့်တိုက်များတွင် ကလေးငယ်များအား ကာယ/ညဏပြိုင်ပွဲများ ဆောင်ရွက်ကြရန်နှင့် လုပ်ဆောင်မှုများအား ပြည်သူ့စာကြည့်တိုက် Face book Page များ၌ လွှင့်တင်ဖော်ပြရမည်ဖြစ်ကြောင်း၊ သတင်းတုန့်ပြန်လုပ်ငန်းများလည်း အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ခရိုင်/မြို့နယ်/မြို့ရုံးများမှ ဝန်ထမ်းများက အောက်တိုဘာလအတွင်း လုပ်ငန်းဆောင်ရွက်နိုင်မှု များနှင့်ပတ်သက်၍လည်းကောင်း၊ လာမည့်နိုဝင်ဘာလအတွင်း ဆောင်ရွက်မည့် လုပ်ငန်းလျာထားချက်များနှင့်ပတ်သက်၍လည်းကောင်း၊ မိမိတို့ဒေသအခက်အခဲများနှင့် ပတ်သက်၍လည်းကောင်း ပြန်လည်တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပ
Oct 26,2024
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို အောက်တိုဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် (စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစ…
Oct 26,2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) ဝင်ခွင့်ရ ကျောင်းသား/ကျောင်းသူများအား တွေ့ဆုံအားပေး ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်အသင်း အောင်မြင်မှုရရှိစေရေးအတွက် ကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိ…
Oct 26,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ၂ဝ၂၄ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်အသင်း အောင်မြင်မှုရရှိစေရေးအတွက် ကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲံသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် ကရင်ပြည်နယ်ကိုယ်စားပြုအောင်ပွဲရပြိုင်ပွဲဝင်များအား ဂုဏ်ပြုကြိုဆို
Oct 26,2024
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကရင်ပြည်နယ်ကိုယ်စားပြု အောင်ပွဲရပြိုင်ပွဲဝင်များသည် အောက်တိုဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့သို့ပြန်လည်ရောက်ရှိလာရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3837
Page
3838
Page
3839
Page
3840
Current page
3841
Page
3842
Page
3843
Page
3844
Page
3845
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department