မိတ္ထီလာမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

မိတ္ထီလာ နိုဝင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့အထွေထွေရောဂါကုဆေးရုံကြီး၏ သွေးလှူဌာန၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါသွေးလှူဒါန်းပွဲတွင် ပါဝင်သွေးလှူဒါန်းကြသည့် ဝန်ထမ်း ၄၁ ဦးအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုး၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌဒေါ်သင်းသင်းခိုင်၊ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမင်းသီရိနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်အောင်လေးတို့က ကြည့်ရှုအားပေးပြီး သွေးလှူဒါန်းကြသည့်ဝန်ထမ်းများအား နွားနို့၊ ကြက်ဥ၊ ငှက်ပျောသီးနှင့် ထမင်းဗူးများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ချမ်းသာ