ထားဝယ် နိုဝင်ဘာ ၁
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ကျောင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ထားဝယ်မြို့၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင်အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းနှင့် ရွှေထားဝယ်ကိုယ်ပိုင်အလယ်တန်းကျောင်းတို့မှ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး တာဝန်ရှိသူများကစိစစ်ရွေးချယ်အကဲဖြတ်အမှတ်ပေးခဲ့ကြသည်။ ရှေးဦးစွာ အမှတ်(၆)အခြေခံ ပညာအထက်တန်း ကျောင်းမှ ကျောင်းသား/သူများက “အမျိုးသားစာပေ ယဉ်ကျေးမှုအမွေ" သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ပြည်သူများမှန်ကန်သည့်အသိဉာဏ်ဗဟုသုတများ တိုးပွားစေရန်အတွက် စာဖတ်ကြရန်၊ စာဖတ်နိုင်သော ပတ်ဝန်းကျင်ကောင်းများဖန်တီးကြရန် နိုင်ငံတော်က အစဉ်အမြဲ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်၏ အနာဂတ်ကို အသိပညာပြည့်ဝသည့် လူငယ်များနှင့်တည် ဆောက်ကြမည်ဆိုပါက ကမ္ဘာ့အလယ်၌ နိုင်ငံတကာကို ရင်ပေါင်တန်းနိုင်မှာဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည်ကျေးလက်နေပြည်သူ ၇၀ ရာခိုင်နှုန်းရှိသည့် အတွက် ကျေးလက်ဒေသနေပြည်သူများ စာအုပ်စာပေဖတ်ရှုရန်နှင့် စာအုပ်စာစောင်များ လက်လှမ်းတမီထားရှိပေးရန် အတွက်စာကြည့်တိုက်များ အားပေးမြှင့်တင်ပေးရန်၊ စာတတ်သူတိုင်း စာဖတ်ကြစေရေး နှိုးဆော်တိုက်တွန်းခြင်း၊ အသိပညာပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးကြရန်နှင့် စာတတ်ရုံ၊အတတ်ပညာ ပြည့်ဝရုံသာမက စဉ်းစားတွေးခေါ်ဉာဏ်နှင့် အသိပညာပြည့်ဝသည့်ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ပေါ်ထွက်လာစေရေးတာဝန်ရှိသူများနှင့်မိဘများ၊ ဆရာ/ဆရာမများကကြိုးစားဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ယနေ့ခေတ်လူငယ်များ၏ဘဝသည်အလွန်အရေးကြီးပြီး ပြုစုပျိုး ထောင်ပေးရန်လိုအပ်ကြောင်း၊နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ယူ ထမ်းဆောင်မည့် လူငယ်များအနေဖြင့် အသိပညာ၊ အတတ် ပညာ ဗဟုသုတနှင့်ကျင့်ဝတ်တန်ဖိုးများ မျှဝေပေးရန်၊ အနာဂတ်လူ့ဘောင်အဖွဲ့အစည်းအား ၄တို့၏အတွေးအမြင် ကောင်းများဖြင့်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊လူငယ်များကာယ၊ ဉာဏ၊စာရိတ္တ၊ မိတ္တ၊ ဘောဂဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲများ၊ လူငယ်ရေးရာဟောပြောပွဲများ၊လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်များကို ပြန်ကြားရေးဝန်ကြီးဌာနက ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများသည် နိုင်ငံတော်အစိုးရတစ်ခုတည်းကဆောင်ရွက်ကြရမည့်လုပ်ငန်းမဟုတ်ဘဲ လူ့အဖွဲ့အစည်းအသီးသီးကပါ ဆောင် ရွက်ကြရမည့်လုပ်ငန်းဖြစ်ကြောင်း၊ အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ယူထမ်းဆောင်ကြမည့် ကျောင်းသား/ကျောင်းသူများအသိပညာဗဟုသုတများဖွံ့ဖြိုးတိုးတက်လာစေရန်၊စာပေဖတ်ရှုသည့်အလေ့အထများဖြစ်ပေါ် လာစေရန်၊ အသိဉာဏ်ပညာများကို အရင်းအနှီးပြုပြီး ဘဝဖွံ့ဖြိုးတိုးတက်စေရန်စသည့်အချက်များနှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက လူငယ်စာပေဆွေးနွေးပေးပါသောကျောင်းသား/သူ(၄)ဦး၊ စေတနာထက်သန်ကာကြိုးစားတက်ကြွစွာဖြင့်ပူးပေါင်းဆောင်ရွက်ပေးသောတာဝန်ရှိသူများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကာ စကားရည်လုပြိုင်ပွဲတွင် အနိုင်ရ အဖွဲ့များအားဆုချီးမြှင့်ပြီး တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက ကျပန်းစကားပြောနှင့်စာစီစာကုံး (အထက်တန်း) အဆင့်တွင် ဆုရရှိသော ကျောင်းသား /သူများအား ဆုချီးမြှင့်သည်။
ဆက်လက်၍တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းမင်းလတ်က ကျပန်းစကားပြာအလယ်တန်း (အဆင့်) ပြိုင်ပွဲတွင်ဆုရရှိသောကျောင်းသား/သူများအားလည်းကောင်း၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က စာစီစာကုံး(အလယ်တန်း)အဆင့်တွင်ဆုရရှိသောကျောင်းသား/သူများအားလည်းကောင်း၊တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား/သူများအားလည်းကောင်း၊ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ် ရေးဝန်ကြီးဦးအောင်ဇော်လှိုင်နှင့် တိုင်းဒေသကြီးတိုင်းရင်သားရေးရာဝန်ကြီး ဦးစောမာတင်လူသာကအလယ်တန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား/သူများအားလည်းကောင်း၊ ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။
ထို့နောက်တိုင်းဒေသကြီးဥပဒေချုပ်ဦးအုန်းသန်း၊ တိုင်းဒေသကြီးအတွင်းရေးမှူးဦးခင်မောင်ချိုကနှင့် တာဝန်ရှိသူများတို့က ပြိုင်ပွဲဝင်ကျောင်းသား/သူများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ပြီး ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များနှင့်အလှူရှင်များမှ လှူဒါန်းငွေကျပ်(၄)သိန်းကျပ်အားပေးအပ် လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံ ရယူသည်။
ထို့နောက်ဆုရရှိသောကျောင်းသား/သူများကပြိုင်ပွဲဝင်ခေါင်းစဉ်များဖြင့်ပြန်လည်၍သရုပ်ပြပြီးအထက(၆)မှကျောင်းသား/သူလေးများက"ပညာဘဏ်တိုက်စာကြည့်တိုက်သို့သွားကြစို့ "သီချင်းဖြင့် သီဆို၍ အခမ်းအနားအား ရုပ်သိမ်းလိုက်သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)