မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူ့အတွက် ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သည့် 200 KVA ထရန်စဖော်မာ ဖွင့်ပွဲအခမ်းအနား ကျင်းပ

မင်္ဂလာတောင်ညွန့် မေ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူ့အတွက်ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သည့် 200 KVA ထရန်စဖော်မာတည်ဆောက်ပြီးစီး၍ ဓာတ်လွှတ်ဖွင့်လှစ်သည့်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ကန်တော်ကလေး (တောင်)ရပ်ကွက်၊ ၉၁-လမ်းနှင့် ၉၁-လမ်းဖြတ်လမ်းထောင့်တွင် ယမန်နေ့နံနက်(၉)နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းထွန်းနှင့် မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးချစ်ဆောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါဖွင့်ပွဲအခမ်းအနာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းထွန်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။

ထိုသို့ဖွင့်လှစ်နိုင်ခြင်းကြောင့် လျှပ်စစ်မီးသုံးစွဲသူ(၁၅၈)ဦးခန့် လျှပ်စစ်ဓာတ်အားတည်ငြိမ်ပြီး ဗို့အားပြည့်ဝစွာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

မြတ်မြတ်အေး (ပြန်/ဆက်)