ကလေးဝမြို့တွင် စက်သုံးဆီအရောင်းဆိုင်များနှင့် တည်းခိုခန်းများအား မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ကလေးဝ မေ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ယမန်နေ့နံနက် ၉ နာရီက စက်သုံးဆီအရောင်းဆိုင်များနှင့် တည်းခိုခန်းများအား မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးသိင်္ခနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် (၃) ဆိုင်နှင့် တည်းခိုခန်း (၄)ခုတို့အား မီးချိတ်၊ မီးကတ်၊ လှေကား၊ သဲအိတ်၊ မီးသတ်ဆေးဘူးနှင့် ရေပုံးများ   မီးဘေးကာကွယ်ရေးပစ္စည်းများ အသင့်ထားရှိမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)