Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ထိုင်းနိုင်ငံသား ၂၈ ဦး ကိုယ်ပိုင်မော်တော်ဆိုင်ကယ်ဖြင့် မြဝတီနယ်စပ်ဂိတ်မှ ဝင်ရောက်လည်ပတ်
Mar 01,2020
မြန်မာနိုင်ငံအတွင်းရှိ အထင်ကရနေရာများဖြစ်သော ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၊ ရှေးဟောင်းသမိုင်းဝင် ပုဂံဘုရားပုထိုးများအား ဖူးမြှော်နိုင်ရန်နှင့် အင်းလေးဒေသ သဘာဝအလှတရားတို့ကို ကြည့်ရှုခံစားနိုင်ရန်အတွက် ထိုင်းနိုင်ငံသား ၂၈ ဦးသည် ယမန်နေ့က မြဝတီနယ်စပ်ဂိတ်မှ တစ်ဆင့် ကိုယ်ပိုင်မော်တော်ဆိုင်ကယ်များဖြင့် ဝင်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့တွင် သံဃာတော်များနှင့် သီလရှင်များအား မျက်စိစမ်းသပ်ခြင်းနှင့် အထွေထွေ ဆေးကုသပေးခြင်းများ ပြုလုပ်
Mar 01,2020
မွန်ပြည်နယ်၊ သထုံမြို့ပေါ်ရှိ ဆရာတော် သံဃာတော်များနှင့် သီလရှင်များကို ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် One Dollar Glasses အဖွဲ့မှ မျက်စိအထူးကု ဆရာဝန်ကြီးများနှင့် သမားတော်ကြီးများက သထုံမြို့ မြသပိတ်တောင်ခြေရှိ သဒ္ဓမဇောတိကာရာမကျောင်းတိုက်၌ ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှ စတင်ကာ နှစ်ရက်ကြာ မျက်စိစမ်းသပ်စစ်ဆေးခွဲစိပ်ပေးခြင်းနှင့် မျက်မှန်များပြုလုပ်ပေးခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) ၏ နဝမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Mar 01,2020
ကွန်ပျူတာက္ကသိုလ်(လွိုင်ကော်)၏ နဝမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့၊ ကွန်ပျူတာတက္ကသိုလ် ပင်မသုံးထပ်ဆောင် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်မြို့နယ် ပင်းကွေလားဟူကျေးရွာ၌ ပြည်သူ့စကားဝိုင်း ကျင်းပ
Mar 01,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ဝမ်ခုတ်အုပ်စု၊ ပင်းကွေလားဟူကျေးရွာရှိ မူလတန်းကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်
Mar 01,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ၊ မကာဟိုခမ်းရပ်ကွက်ရှိ ယာမြေ အပိုင်း(၈)တွင် ယနေ့နံနက် ၉ နာရီက တာချီလိတ်ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သမိုင်းဝင်ရွှေမဉ္ဇူရေလယ်စေတီတော်မြတ်ကြီး၏ (၁၅၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ
Mar 01,2020
ကချင်ပြည်နယ်၊ မိုးညှင်ခရိုင်၊ အင်းတော်ကြီးမြို့အတွင်း တည်ရှိ၍ မြန်မာနိုင်ငံ၏ အကြီးဆုံးအိုင်ဖြစ်ပြီး အထက်မြန်မာပြည်၏ တန်ခိုးကြီးဘုရားများတွင် တစ်ဆူအပါအဝင်ဖြစ်သည့် အင်းတော်ကြီးရွှေမဉ္ဇူ ရေလယ်စေတီတော်မြတ်ကြီး၏ (၁၅၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ အခမ်းအနား ကို ယနေ့ နံနက် ၈ နာရီ ၃၀ အချိန်တွင် ဘုရားမုခ်ဦး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လုံတက္ကသိုလ်မှ (၁၇)နှစ်တာကာလအတွင်း ဘွဲ့ရမောင်မယ်(၂၀၉၂)ဦး မွေးထုတ်ပေးနိုင်
Mar 01,2020
ပင်လုံမြို့သည် ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်အတွင်း တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၄၄၄၀)တွင် တည်ရှိကာ တိုင်းရင်းသားပေါင်းစုံ နေထိုင်သည့် အေးချမ်းသာယာသော မြို့တစ်မြို့ဖြစ်သည်။ “ပင်လုံ” ဟူသည့် မြို့၏အမည်ကို မြန်မာပြည်သူ များအားလုံး ကြားဖူးသိဖူးကြမည် ဖြစ်ပါသည်။ မြန်မာ့လွတ်လပ်ရေးရရှိရန် ကြိုးပမ်းမှုနှင့် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ထင်ရှားကျော်ကြားသည့် မြို့တစ်မြို့ဖြစ်သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများက မြန်မာ့လွတ်လပ်ရေးကို အရယူရန် တောင်တန်းပြည်မ ပူးပေါင်းရေးစာချုပ် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ကြသည့် တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းအမျိုးသားနေ့အထိမ်းအမှတ် အလွတ်တန်းဖိတ်ခေါ် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ပထမနေ့ စတင်ကျင်းပ
Mar 01,2020
ပအိုဝ်းအမျိုးသားနေ့အထိမ်းအမှတ် အလွတ်တန်းဖိတ်ခေါ် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ စန္တာခမ်း ဘက်စုံဖွံ့ဖြိုးရေးကွင်း၌ ကျင်းပရာ ပင်လောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှဆန်းနှင့် ဘေားလုံးပြိုင်ပွဲဖြစ်မြောက်ရေးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်တို့က ယနေ့ နံနက် ၁၁ နာရီခွဲတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27283
Page
27284
Page
27285
Page
27286
Current page
27287
Page
27288
Page
27289
Page
27290
Page
27291
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department