လွိုင်ကော် မတ် ၁
ကွန်ပျူတာက္ကသိုလ်(လွိုင်ကော်)၏ နဝမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့၊ ကွန်ပျူတာတက္ကသိုလ် ပင်မသုံးထပ်ဆောင် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) မှ ဒုတိယ ပါမောက္ခချုပ်နှင့် ပါမောက္ခ ဆရာ/ ဆရာမများ၊ ဘွဲ့လက်မှတ်ရယူမည့် ကျောင်းသား၊ ကျောင်းသူများ နှင့် မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ကွန်ပျူတာက္ကသိုလ်(လွိုင်ကော်) ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခများက စင်မြင့်ထက်တွင် နေရာယူခဲ့ကြပြီး ဒုတိယပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်အခမ်းအနားစတင်ကြောင်း ကြေညာခဲ့သည်။
ထို့နောက် ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်) ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်မြင့်အေး က သက်ဆိုင်ရာဘွဲ့ စာမေးပွဲ အသီးသီးကို ကောင်းမြင်စွာ အောင်မြင်ပေါက်မြောက်ခဲ့ပြီဟု ပညာရေးအဖွဲ့က ကြေညာခြင်း ခံရသူများကို ဘွဲ့လက်မှတ်များ အပ်နှင်းခြင်းဆောင်ရွက်ခဲ့သည်။
၎င်းနောက် ကွန်ပျူတာက္ကသိုလ်(လွိုင်ကော်) ဒုတိယပါမောက္ခချုပ်က ကွန်ပျူတာ သိပ္ပံဘွဲ့၊ ကွန်ပျူတာ နည်းပညာဘွဲ့များနှင့် စပ်လျဉ်း၍ မိန့်ခွန်းပြောကြားပြီး ကွန်ပျူတာက္ကသိုလ် (လွိုင်ကော်) ၏ နဝမအကြိမ်မြောက် ဘွဲ့အပ်နှင်းခြင်းအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့သည်။
ယနေ့ ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)၏ နဝမအကြိမ်မြောက် ကွန်ပျူတာသိပ္ပံဘွဲ့၊ ကွန်ပျူတာ နည်းပညာဘွဲ့ အပ်နှင်းမှုတွင် ဘွဲ့လက်မှတ် တက်ရောက်ရယူမှုအနေဖြင့် ကွန်ပျူတာသိပ္ပံဘွဲ့ရ မောင်မယ် (၂၇)ဦး၊ ကွန်ပျူတာ နည်းပညာဘွဲ့ရမောင်မယ် (၁၀)ဦး၊ စုစုပေါင်း ဘွဲ့ရမောင်မယ် (၃၇)ဦးတို့အား ဘွဲ့လက်မှတ်များအသီးသီး အပ်နှင်းပေးခဲ့ကြောင်းသတင်းရရှိသည်။
ထွန်းလေး