တာချီလိတ် မတ်လ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ၊ မကာဟိုခမ်းရပ်ကွက်ရှိ ယာမြေ အပိုင်း(၈)တွင် ယနေ့နံနက် ၉ နာရီက တာချီလိတ်ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ သရုပ်ပြ ဇာတ်တိုက်လ့ကျင့်မှုကို တာချီလိတ်ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဦးကျော်ကိုကို၊ မြို့နယ်ဒုတိယဦးစီးမှူး ဦးဉာဏ်မြင့်ထွန်း၊ မြို့နယ်အရန် မီးသတ်တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ဦးရဲနန္ဒာလင်း ဦးဆောင်သည့်တပ်ဖွဲ့ဝင်တို့ ပူးပေါင်း လေ့ကျင့်ခဲ့ကြကြောင်းသိရသည်။
ယာဆေး(ပြန်/ဆက်)