Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျိုက်မရောတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေများနှင့် အထောက်ကူပြုပစ္စည်းများ လှူဒါန်း
Mar 26,2020
မွန်ပြည်နယ် ကျိုက်မရော မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေများ ပေးအပ်ပွဲကို ယနေ့နံနက် ၁၀နာရီက အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်အတွင်း ပြေးဆွဲလျက်ရှိသော မော်တော်ယာဉ်များတွင် COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများ ကွင်းဆ…
Mar 26,2020
ချင်းပြည်နယ်အတွင်း လတ်တလောဖြစ်ပေါ်လျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease -2019 (COVID-19) ကာကွယ်ထန်းချုပ်နိုင်ရေးနှင့် ပြည်နယ်အတွင်း ပြေးဆွဲလျက်ရှိသော မော်တော်ယာဉ်များအား ပုံမှန်ပြေးဆွဲနိုင်ရေးတို့အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ညနေ ၄နာရီတွင် ဟားခါးမြို့၊ အဝေးပြေးကားဂိတ်သို့ ရောက်ရှိပြီး သက်ဆိုင်ရာ မော်တော်ယာဉ်ဂိတ်များ၊ ခရီးသွားပြည်သူများအား ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများသုံးစွဲရန် သံဖြူဇရပ်တွင် အလှူငွေ ကျပ်သိန်း (၆၀) ပေးအပ်လှူဒါန်း
Mar 26,2020
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် သုံးစွဲနိုင်ရန်အတွက် သံဖြူဇရပ် မြို့နယ်၏ ပြည်သူပူးပေါင်းပါဝင်သည့် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီထံသို့ အလှူငွေ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၁နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခန်းမ၌ ကျင်းပရာ
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်
Mar 26,2020
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မပျံ့နှံစေရေးအတွက် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်သည့်အနေဖြင့် သံတောင်အဝင် နှင့် သံတောင်ကြီးမြို့ အဝင်အထွက် ဖြတ်သန်းသွားလာလျက်ရှိသည့် ခရီးသည် ၊ ယာဉ် ၊ ဆိုင်ကယ် များအား ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ပေးလျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့မဈေးရှေ့၌ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကာကွယ်ရန် အသိပညာပေးခြင်းနှင့် စနစ်တကျ လက်ဆေးခြင်း လက်တွေ့ပြသ
Mar 26,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့မဈေးရှေ့၌ COVID-19 ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကာကွယ်ရန် အသိပညာပေးခြင်းနှင့် စနစ်တကျလက်ဆေးခြင်း လက်တွေ့သရုပ်ပြသ ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၇)နာရီက မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖလမ်းမြို့တွင် ဆန်၊ ဆီ၊ ဆားနှင့် စားသုံးကုန်များ ပြတ်လပ်မှုမရှိစေရေး သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများက စီစဉ်ဆောင်ရွက်ထား
Mar 26,2020
COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ဖလမ်းမြို့တွင် ဆန်၊ ဆီ၊ ဆားနှင့် စားသုံးကုန်များ ပြတ်လပ်မှုမရှိစေရေး သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများက ပူးပေါင်း၍ စီစဉ်ဆောင်ရွက် ထားကြောင်း ဖလမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြားအွယ်က ပြောသည်။
အပြည့်အစုံ ဖတ်ရန်
ဘီးလင်းမြို့နယ်မှ ပြည်ပနိုင်ငံများတွင်အလုပ်လုပ်၍ နေရပ်ပြန်လာသူများအား ကိုရိုနာဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အသိပညာပေးဟောပြေ…
Mar 26,2020
ဘီးလင်းမြို့နယ်မှ ပြည်ပနိုင်ငံများတွင်အလုပ်လုပ်ကိုင်ပြီး ပြန်လာကြသောနေရပ်ပြန် ပြည်သူများကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းများကိုဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့နယ်အဝင်အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်များတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်
Mar 26,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် အဝင်အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်များတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့များက အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27211
Page
27212
Page
27213
Page
27214
Current page
27215
Page
27216
Page
27217
Page
27218
Page
27219
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department