Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ထန်တလန်မြို့တွင် Home Quarantine များမှ လိုက်နာရန်အချက်များကို ရပ်ကွက်များတွင် အသိပေးနှိုးဆော်
Mar 29,2020
ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ယမန်နေ့ နေ့လယ်အချိန်က ပြည်ပနှင့် ၊ ရန်ကုန်၊ မန္တလေး၊ ကလေးမြို့ မှ ရောက်ရှိလာသူများကို Home Quarantine အဖြစ် သက်မှတ်ထားပြီး အဆိုပါ ပြန်လာသူများ အတွက် လိုက်နာရန် အချက်များကို ထန်တလန်မြို့ပေါ် လူငယ်တွေက ရပ်ကွက်အလိုက် ချင်းတိုင်းရင်းသားစကားဖြင့် အသိပေးနှိုးဆော်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မတူပီမြို့၌ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Mar 28,2020
ချင်းပြည်နယ်၊ မတူပီမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမှ ကြိုတင်ကာကွယ်ရန်အတွက် ယနေ့ နံနက်(၇) နာရီ အချိန်၌ မတူပီမြို့၊ စည်ပင်ဈေး၊ အဝေးပြေး ယာဉ်လိုင်းများနှင့် သာမန်ယာဉ်များတွင် သာမိုမီတာဖြင့် အဖျားတိုင်း တာခြင်းနှင့် ပိုးသတ်ဆေး ပက်ဖျန်းခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့တွင် COVID-19 သံသယလူနာများထားရှိနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုနှင့် အတူ ရောဂါကာကွယ်ထိန်းချုပ်ကုသနိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်…
Mar 28,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကြို တင် ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်စီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူများက သံသယလူနာများတွေ့ရှိပါက ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ဖလမ်း( ဆူရ်ဘုန် )လေယာဉ်ကွင်း ဧရိယာအတွင်း ဝင်/ထွက် ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသန္တရအမိန့်ထုတ်ပြန်
Mar 28,2020
COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ဖလမ်း(ဆူရ်ဘုန်)လေယာဉ်ကွင်း ဧရိယာအတွင်း ဝင်/ထွက် ဖြတ်သန်းသွားလာခြင်း၊ လုပ်ငန်းခွင်လာရောက်လေ့လာခြင်းများ မပြုလုပ်ရန် ဖလမ်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မတ် ၂၇ ရက် ဒေသန္တရအမိန့်(၂/၂၀၂၀)ဖြင့် ထုတ်ပြန်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချင်း(ဖလမ်းဘာသာ)ဖြင့် ထုတ်ဝေသော COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ
Mar 28,2020
ချင်း (ဖလမ်းဘာသာ)ဖြင့် ထုတ်ဝေသော COVID-19 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်ကို ယနေ့ နံနက် ၇ နာရီခွဲက ဖလမ်းမြို့၊ လူစည်ကားရာ နေရာများ၌ ဌာနဆိုင်ရာတာဝန်ရှိသူများက ဖြန့်ဝေသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်ကြီးနားမြို့တွင် ကုန်ပစ္စည်းများ ပုံမှန်ဈေးဖြင့် ရောင်းချလျက်ရှိ
Mar 28,2020
မြန်မာနိုင်ငံတွင် COVID-19 ရောဂါနှင့် ပတ်သက်၍ ပြည်သူများက စိုးရိမ်ကြောက်လန့်မှုဖြင့် ဈေးများတွင် ဆန်၊ ဆီ၊ ဆား၊ ဆေးနှင့် အခြားပစ္စည်းများကို အလုအယက် ဝယ်ယူမှု ဖြစ်ပေါ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်၌ COVID-19 ရောဂါ စစ်ဆေးခြင်း၊ အသိပညာပေးခြင်း ဆက်လက်ဆောင်ရွက်
Mar 27,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အဆုတ်ရောင်ရောဂါ 2019 Novel Coronavirus ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးကော်မတီအဖွဲ့ဝင်များသည် ကူးစက်ရောဂါ ပြန့်ပွားမှု မဖြစ်ပေါ်စေရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉နာရီက တာချီလိတ်-မိုင်းဖြတ်-ကျိုင်းတုံသွား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ခရီးသွားပြည်သူများအား ကိုယ်ပူချိန်များ တိုင်းတာစစ်ဆေးခြင်း၊ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖားကန့်၌ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအဖြစ် မြို့နယ်၏ဝင်ထွက်ပေါက်များတွင် ကိုယ်အပူချိန်တိုင်း စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်
Mar 27,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ကူးစက်မြန်ရောဂါ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဌာနနှင့်အတူ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသပြည်သူများပူးပေါင်းပြီး မြို့နယ်ဝင်ထွက်ပေါက်များတွင် ကိုယ်အပူချိန်တိုင်း စောင့်ကြည့် စစ်ဆေးခြင်း တို့အား ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27208
Page
27209
Page
27210
Page
27211
Current page
27212
Page
27213
Page
27214
Page
27215
Page
27216
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department